• Follow Us on

Home မြန်မာ-ဘယ်လာရုစ်နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုပိုမိုခိုင်မာစေရေးနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်မှု ကိစ္စရပ်များ အရှိန်အဟုန်မြှင့်ဆောင်ရွက်သွားနိုင်ရေးဆွေးနွေး

မြန်မာ-ဘယ်လာရုစ်နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုပိုမိုခိုင်မာစေရေးနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်မှု ကိစ္စရပ်များ အရှိန်အဟုန်မြှင့်ဆောင်ရွက်သွားနိုင်ရေးဆွေးနွေး

Share this post

နေပြည်တော်၊ စက်တင်ဘာ ၁၈

 

ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် စက်တင်ဘာ ၁၅ ရက် နံနက်ပိုင်းတွင် ဘယ်လာရုစ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဆာဂေးအယ်လယဲနိခ်အား ဘယ်လာရုစ် နိုင်ငံခြားရေး ဝန်ကြီးဌာန၌ သီးသန့်တွေ့ဆုံ၍ နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးမြှင့်သွားရေးနှင့် နိုင်ငံ တကာမျက်နှာစာတွင် အပြန်အလှန်ယုံကြည်မှု၊ နားလည်မှုနှင့် တန်းတူရည်တူရှိမှုတို့ကို အခြေခံကာ ပိုမိုနီးကပ် စွာ ပူးပေါင်းဆောင်ရွက်သွားမည့်အခြေအနေများကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။

 

ဆွေးနွေးပွဲ၌ နှစ်နိုင်ငံအကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာစေရေးနှင့် ဆောင်ရွက်ဆဲ အကျိုးတူပူးပေါင်း ဆောင်ရွက်မှုကိစ္စရပ်များကို အရှိန်အဟုန် မြှင့်ဆောင်ရွက်သွားနိုင်ရေး၊ နှစ်နိုင်ငံနိုင်ငံခြားရေး ဝန်ကြီးဌာနများ အကြား ဆွေးနွေးပွဲများ ကျင်းပသွားရေး၊ စီးပွားရေးနှင့် ကုန်သွယ်ရေး၊ ကာကွယ်ရေး၊ စိုက်ပျိုးရေး၊ ပညာရေး၊ သိပ္ပံနှင့်နည်းပညာ၊ ယဉ်ကျေးမှုနှင့် ပြည်သူအချင်းချင်း အပြန်အလှန် ထိတွေ့ဆက်ဆံမှုအစရှိသည့် ကဏ္ဍ များတွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးချဲ့မြှင့်တင်သွားရေးကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

 

ထို့ပြင် နှစ်နိုင်ငံနှင့် နိုင်ငံတကာမျက်နှာစာ အထူးသဖြင့် ကုလသမဂ္ဂမျက်နှာစာတွင် ဘယ်လာရုစ်နိုင်ငံက မှန် ကန်သည့်ရပ်တည်ချက်ကို အခြေခံကာ နားလည်မှုနှင့် ခိုင်မာစွာ ထောက်ခံမှုများအတွက် မြန်မာနိုင်ငံအနေ ဖြင့် လှိုက်လှဲစွာ ကျေးဇူးတင်ရှိကြောင်းနှင့် မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ မင့်စ်မြို့ ဖွင့်လှစ်နိုင်ရေးအတွက် ကူညီပံ့ပိုး ပေးခဲ့မှုများအပေါ် ကျေးဇူးတင်ရှိကြောင်း ပြောကြားသည်။

 

#PeopleMedia


Share this post