မြန်မာ-ဘယ်လာရုစ်နှစ်နိုင်ငံ ကုန်သွယ်မှုကဏ္ဍမြှင့်တင်သွားရေးဆွေးနွေး
PUBLISHED - February 20, 2024
နေပြည်တော်၊ ဖေဖော်ဝါရီ ၂၀
ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ ဘယ်လာရုစ်နိုင်ငံ သံအမတ်ကြီး Mr. Uladzimir Baravikou အား ဖေဖော်ဝါရီလ ၁၉ ရက်တွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့သည်။
ထိုသို့တွေ့ဆုံစဉ် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလတွင် ကျရောက်မည့် မြန်မာ-ဘယ်လာရုစ် သံတမန်ဆက်သွယ်မှု ထူထောင်သည့် (၂၅) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် လှုပ်ရှားဆောင်ရွက်မှုများ ပြုလုပ်နိုင်ရေး၊ နှစ်နိုင်ငံကုန် သွယ်မှုကဏ္ဍ မြှင့်တင်သွားရေး၊ မြန်မာကျောင်းသားများအတွက် ဘယ်လာရုစ်နိုင်ငံမှ ပညာသင်ဆုများ ပိုမို ပေးအပ်သွားရေးအပါအဝင် နှစ်နိုင်ငံအကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။
ထို့နောက် ဒုတိယဝန်ကြီးချုပ်က နိုင်ငံတော်အစိုးရမှ ဦးစားပေးဆောင်ရွက်လျက်ရှိသည့် စီးပွားရေး ပြုပြင်ပြောင်း လဲမှုများ၊ ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးတို့နှင့်စပ်လျဉ်း၍ ဖြစ်ပေါ်တိုးတက်မှုများကို ရှင်းလင်း အသိပေးခဲ့သည်။
#PeopleMedia