• Follow Us on

Home မြန်မာ-ရုရှားနှစ်နိုင်ငံ သံမဏိထုတ်လုပ်ရေး၊ ဘိလပ်မြေထုတ်လုပ်ရေးကိစ္စရပ်များဆွေးနွေး

မြန်မာ-ရုရှားနှစ်နိုင်ငံ သံမဏိထုတ်လုပ်ရေး၊ ဘိလပ်မြေထုတ်လုပ်ရေးကိစ္စရပ်များဆွေးနွေး

Share this post

နေပြည်တော်၊ ဇူလိုင် ၁၃

 

ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ရောက်ရှိနေသည့် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ယမန်နေ့နံနက်ပိုင်းက ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒုတိယ ဝန်ကြီးချုပ် စက်မှုနှင့်ကုန်သွယ်ရေးဝန်ကြီးဌာန ဝန်ကြီးဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံဆွေး နွေးခဲ့‌ကြောင်း သိရသည်။

 

အဆိုပါ ဆွေးနွေးပွဲသို့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ စက်မှုနှင့်ကုန်သွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး Alexey V. Gruzdev၊ အာရှ၊ အာဖရိက၊ လက်တင်အမေရိကဌာန၊ ညွှန်ကြားရေးမှူး Nosov Sergey Sergeevich၊ ဆောက်လုပ်ရေးလုပ်ငန်းသုံး စက်ပစ္စည်းနှင့် အကြီးစားအင်ဂျင်နီယာဌာန ညွှန်ကြားရေးမှူး Piven Valery Vyacheslavovich၊ ဒုတိယ ဝန်ကြီးချုပ်၏ လက်ထောက် Alexey A. Mednikov ၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှား ဖက်ဒရေးရှင်းနိုင်ငံ စီးပွားရေးသံမှူး Kazadaev Vladimir Sergeevich နှင့် မြန်မာကိုယ်စားလှယ်များ တက် ရောက်ခဲ့ကြောင်း သိရသည်။

 

တွေ့ဆုံစဉ် လက်ရှိဆောင်ရွက်နေသည့် ရုရှား-မြန်မာ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ၊ အထူးသဖြင့် သံမဏိထုတ်လုပ်ရေး၊ ဆေးဝါးဆိုင်ရာပူးပေါင်းထုတ်လုပ်ရေး၊ ချည်မျှင်နှင့်အထည် ထုတ်လုပ်ရေး၊ ဘိလပ်မြေ ထုတ်လုပ်ရေး၊ ဆေးဘက်ဆိုင်ရာအထောက်အကူပြုပစ္စည်း ကိရိယာ များထုတ်လုပ်ရေး၊ MSME စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် အခွင့်အလမ်းများ ရှာ‌ဖွေနေမှုနှင့် ရုရှား-မြန်မာ နှစ်နိုင်ငံပြည်သူများ အကျိုး စီးပွားဖြစ်ထွန်းစေမည့် အလားအလာရှိသော ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အပြန်အလှန် ဆွေးနွေးခဲ့‌ကြောင်း သိရသည်။

 

ထို့ပြင် ပြည်ထောင်စုဝန်ကြီးသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ရက်ကတ်ထရင်ဘတ် (Yekaterinburg) မြို့၌ ကျင်းပသည့် INNOPROM International Industrial Exhibition သို့တက်ရောက်၍ ကုမ္ပဏီများက ခင်း ကျင်းပြသထားသည့် ထုတ်ကုန်များ၊ စက်ပစ္စည်းများကို သွားရောက်ကြည့်ရှုခဲ့သည်။

 

#Newvisionmedia


Share this post