• Follow Us on

Home မြန်မာ-ရုရှားနှစ်နိုင်ငံအကြား နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်ဆောင်ရွက်ရေးဆွေးနွေး

မြန်မာ-ရုရှားနှစ်နိုင်ငံအကြား နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်ဆောင်ရွက်ရေးဆွေးနွေး

Share this post

နေပြည်တော်၊ ဇူလိုင် ၁၄

 

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနဒုတိယဝန်ကြီး ဒေါက်တာဝါဝါမောင်သည် ရုရှား-မြန်မာချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအသင်း ဒုတိယဥက္ကဋ္ဌမစ္စတာ ဗစ်တလေဆိုလိုနတ်စကီ ဦးဆောင်သော စီးပွားရေးကိုယ်စားလှယ်အဖွဲ့အား ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီး ဌာန၌ လက်ခံတွေ့ဆုံခဲ့သည်။

 

တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏သတင်းအချက်အလက် နည်းပညာ၊ ဆိုက်ဘာလုံခြုံရေးနှင့် ဘဏ်လုပ်ငန်းဝန်ဆောင်မှု ဆိုင်ရာ နည်းပညာကဏ္ဍများတွင် ရုရှားကုမ္ပဏီများလာရောက်ရင်းနှီး မြှုပ်နှံရေးနှင့် နှစ်နိုင်ငံအကြား နည်းပညာ ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်ရေးတို့နှင့်စပ်လျဉ်း၍ အမြင် ချင်းဖလှယ်ဆွေးနွေးခဲ့ကြ သည်။

 

အဆိုပါ တွေ့ဆုံပွဲသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနမှအဆင့်မြင့်အရာရှိကြီးများ တက်ရောက်ကြသည်။

 

#PeopleMedia


Share this post