• Follow Us on
Latest News

Home မြန်မာ-ရုရှားနှစ်နိုင်ငံ စစ်ဘက်နည်းပညာပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်လုပ်ဆောင်ရေးဆိုင်ရာကိစ္စရပ်များ ဆွေးနွေး

မြန်မာ-ရုရှားနှစ်နိုင်ငံ စစ်ဘက်နည်းပညာပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်လုပ်ဆောင်ရေးဆိုင်ရာကိစ္စရပ်များ ဆွေးနွေး

Share this post

နေပြည်တော်၊ သြဂုတ် ၂၂

 

ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း ဦးဆောင် သည့် ကိုယ်စားလှယ်အဖွဲ့သည် ရုရှားနိုင်ငံ၊ မော်စကိုဒေသတွင် ကျင်းပပြုလုပ်ခဲ့သည့် နိုင်ငံတကာစစ်ဘက် နည်းပညာဖိုရမ် (ARMY-2023)နှင့် (၁၁)ကြိမ်မြောက် နိုင်ငံတကာ လုံခြုံရေးဆိုင်ရာညီလာခံသို့ တက်ရောက်ခဲ့ ပြီး ယမန်နေ့ ညနေပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိခဲ့သည်။

 

ဗိုလ်ချုပ်ကြီးတင်အောင်စန်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ဩဂုတ်လ ၁၄ ရက် နံနက်ပိုင်းတွင် ရုရှားတပ်မတော် ပင်မဘုရားကျောင်းကြီးနယ်မြေရှိ Alley of Allies တွင် မြန်မာတို့၏ ဒုတိယကမ္ဘာစစ်အတွင်း ဖက်ဆစ်ဝါဒီများကို တွန်းလှန်တိုက်ခိုက်အောင်မြင်ခဲ့မှု အထိမ်းအမှတ်အနေဖြင့် ထုလုပ်ပုံဖော်ထားသည့် ရုပ်တု ဖွင့်ပွဲအခမ်းအနားသို့ ရုရှားနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီး Army General Sergey Shoigu နှင့် အတူ တက်ရောက် ခဲ့သည်။

 

၎င်းနောက် နိုင်ငံတကာစစ်ဘက်နည်းပညာဖိုရမ်(ARMY-2023) ဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်မည့် မျိုးချစ် ပန်းခြံ(Patriot Park)သို့ ရောက်ရှိပြီး အဆိုပါပြပွဲ အခမ်းအနားကျင်းပရာ အစည်းအဝေးခန်းမ၌ ဒုတိယ ဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းသည် ရုရှားနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး Colonel General Alexander Fomin နှင့် တွေ့ဆုံ၍ နှစ်နိုင်ငံ ဆိုင်ရာနယ်ပယ်ကဏ္ဍစုံ၌ ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး၊ ချစ်ကြည်ရင်းနှီးမှုပိုမိုခိုင်မာစေရေး၊ စစ်ဘက်နည်း ပညာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်လုပ်ဆောင်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ပညာတော်သင် သင်တန်းသားစေ လွှတ်မှုဆိုင်ရာကိစ္စရပ်တို့အား အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။

 

ဆက်လက်၍ နိုင်ငံတကာစစ်ဘက်နည်းပညာဖိုရမ်(ARMY-2023) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး ပြခန်းအတွင်း ခင်းကျင်းပြသထားမှုများအား လှည့်လည်ကြည့်ရှုခဲ့ပြီး Aquarius IT ဆိုင်ရာကုမ္ပဏီ၊ BSVT စစ်လက်နက်ပစ္စည်းဆိုင်ရာကုမ္ပဏီတို့မှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

 

ဗိုလ်ချုပ်ကြီးတင်အောင်စန်းသည် သြဂုတ်လ ၁၅ရက်တွင် (၁၁)ကြိမ်မြောက် နိုင်ငံတကာလုံခြုံရေးဆိုင်ရာ ညီလာခံ (XI Moscow Conference on International Security) ဖွင့်ပွဲအခမ်းအနားနှင့် ဆွေးနွေးပွဲများသို့ တက်ရောက်ခဲ့သည်။ သြဂုတ်လ ၁၆ ရက်တွင် နိုင်ငံတကာစစ်ဘက်နည်းပညာဖိုရမ် (ARMY 2023) ကျင်းပရာ မျိုးချစ်ပန်းခြံ (Patriot Park) အတွင်း ခင်းကျင်းပြသထားသည့် စစ်ဘက်သုံး ယာဉ်/လက်နက်နှင့် အထောက အကူပစ္စည်းများအား လိုက်လံကြည့်ရှုခဲ့သည်။

 

သြဂုတ်လ ၁၇ ရက်တွင် ရုရှားတပ်မတော် ပင်မဘုရားကျောင်းကြီး (Main Cathedral of the Russian Armed Forces)သို့ ရောက်ရှိပြီး ဘုရားကျောင်းဝင်းအတွင်း လှည့်လည်ကြည့်ရှုခြင်း၊ စစ်ပွဲများတွင် သိမ်းဆည်း ရမိခဲ့သည့် ပြည်ပနိုင်ငံထုတ် စစ်လက်နက်ပစ္စည်းများ ခင်းကျင်းပြသထားမှုအား ကြည့်ရှုလေ့လာခဲ့သည်။

 

သြဂုတ်လ ၁၈ ရက်တွင် ပြည်ထောင်စုဝန်ကြီး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် မော်စကိုမြို့ရှိ မြန်မာ ဘုန်းတော်ကြီးကျောင်းသို့ သွားရောက်၍ ဆရာတော်အား ဖူးမြှော်ကြည်ညိုခဲ့ပြီး လှူဖွယ်ပစ္စည်းနှင့် ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းခြင်း၊ နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

 

#PeopleMedia


Share this post