မြန်မာ-ရုရှားနှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်နိုင်မည့် အခြေ အနေများဆွေးနွေး

PUBLISHED - October 26, 2023
နေပြည်တော်၊ အောက်တိုဘာ ၂၆
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ စစ်ဘက်ဆိုင်ရာတက္ကသိုလ် ကျောင်း အုပ်ကြီး ဒုတိယဗိုလ်ချုပ်ကြီး အီဂေါမီ ရှုသ်ကင် (Lieutenant General Igor MISHUTKIN) ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယမန်နေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံခဲ့သည်။
ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ စစ်ဘက်ဆိုင်ရာတက္ကသိုလ် ကျောင်းအုပ်ကြီးနှင့်တကွ အဖွဲ့ဝင်များအား မိမိအနေဖြင့် လှိုက်လှဲနွေးထွေးစွာ ကြိုဆို ပါကြောင်းဖြင့် ဦးစွာ ပြောကြားသည်။
ထို့နောက် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊စစ်ဘက်ဆိုင်ရာတက္ကသိုလ် ကျောင်းအုပ်ကြီးက မိမိတို့ ရုရှားဖက်ဒရေးရှင်း နိုင်ငံ၊ စစ်ဘက် ဆိုင်ရာတက္ကသိုလ်မှ အဆွေတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာ ကွယ်ရေးဦးစီးချုပ်အား နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ဆက်ဆံရေးတိုးတက် ခိုင်မာအောင် ဆောင်ရွက်နိုင် မှု၊ စစ်ဘက်နည်းပညာဆိုင်ရာဖွံ့ဖြိုးတိုးတက်စေရေး ပူးပေါင်းဆောင်ရွက်မှု၊ ပညာတော်သင် သင်တန်းသားများ စေလွှတ်ခြင်းဖြင့် နှစ်နိုင်ငံ တပ်မတော်နှင့် အစိုးရနှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုကို တိုးတက်ခိုင်မာအောင် စွမ်းဆောင်နိုင်မှု တို့ကြောင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ စစ်ဘက်ဆိုင်ရာတက္ကသိုလ် (Military University of Defence Ministry) ၏ “ဂုဏ်ထူးဆောင် ပါမောက္ခ”ဘွဲ့ (Honorary Professor of the Russian Military University) ကို ရုရှားဖက်ဒရေးရှင်း နိုင်ငံ၊ စစ်တက္ကသိုလ်မှ ဘုတ်အဖွဲ့များ၏ ဆုံးဖြတ်ချက်အရ ၂၀၂၁ ခုနှစ်၊ ဇွန်လ ၂၃ ရက်တွင် ချီးမြှင့်အပ်နှင်းပေးအပ်နိုင်ခဲ့သည့်အတွက်လည်း များစွာ ဂုဏ်ယူဝမ်းမြောက်မိကြောင်းဖြင့် ပြန်လည်ပြောကြားသည်။
ဆက်လက်ပြီး နှစ်နိုင်ငံနှင့် နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ဆောင် ရွက်သွားနိုင်မည့် အခြေအနေများ၊ ရုရှားဖက်ဒရေးရှင်း နိုင်ငံ၊ စစ်ဘက်ဆိုင်ရာတက္ကသိုလ်မှ ဆောင်ရွက်လျက်ရှိ သည့် သင်ကြားရေးဆိုင်ရာ ကိစ္စရပ်များ၊ ယခုလက်ရှိတွင် ဘာသာစကားသင်တန်းများကိုလည်း သင်ကြားပေး လျက်ရှိပြီး မြန်မာဘာသာစကားကို တိုးချဲ့သင်ကြားနိုင်ရေးဆောင်ရွက်လျက်ရှိမှုနှင့် မြန်မာနိုင်ငံ၌ မြန်မာဘာ သာစကား လာရောက်သင်ကြားခွင့်ရရှိရေး ဆောင်ရွက်ပေးစေ လိုမှုအခြေအနေများ၊ မြန်မာ့တပ်မတော်နှင့် ရုရှားတပ်မတော်တို့သည် ပြည်သူက ပေါက်ဖွားလာသည့် တပ်မတော်များဖြစ်သည်နှင့်အညီ နိုင်ငံတော်နှင့် ပြည်သူကို ကာကွယ်စောင့်ရှောက်ပေးနေမှုကြောင့် ကာကွယ်ရေးတာဝန်များကို အောင်မြင်စွာ ထမ်းဆောင်နိုင် မည့်အခြေအနေများနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားခဲ့ကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ စစ်ဘက်ဆိုင်ရာတက္ကသိုလ် ကျောင်းအုပ်ကြီးနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ ရုရုားနိုင်ငံ စစ်သံမှူး Colonel Sergey Kurchenko နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ စစ်ဘက်ဆိုင်ရာ တက္ကသိုလ်မှ တာဝန်ရှိ သူများ တက်ရောက်ကြသည်။
#PeopleMedia