မြန်မာ-ရုရှားနှစ်နှစ်နိုင်ငံကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်နိုင်မည့် အခြေအနေများ ဆွေးနွေး

PUBLISHED - December 6, 2023
နေပြည်တော်၊ ဒီဇင်ဘာ ၆
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ရုရှားဖက်ဒ ရေးရှင်းနိုင်ငံ၊ လုံခြုံရေးကောင်စီအတွင်းရေးမှူး Mr. Nikolai PATRUSHEV ယမန်နေ့မွန်းလွဲပိုင်းတွင် နေပြည် တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး သံတမန်ဆောင်ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုကဏ္ဍ တိုးမြှင့်ရေးအတွက်ဆွေးနွေးခဲ့ကြသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက နိုင်ငံတကာရေး ရာကိစ္စရပ်များနှင့် အာဆီယံရေးရာကိစ္စရပ်များ၊ နိုင်ငံတကာနယ်ပယ်၌ ဧကဝင်ရိုး(Uni Polar) မှ ဗဟုဝင်ရိုး (Multi Polar) အဖြစ်ပြောင်းလဲလာပြီး နိုင်ငံကြီး တစ်ခုတည်းမှ ကမ္ဘာကို လွှမ်းမိုးချုပ်ကိုင်မှု ပြုလုပ်နိုင်မည့် အလားအလာနည်းပါးလာမှုနှင့် နိုင်ငံစုံ ပူးပေါင်း ဆောင်ရွက်ရမည့်အခြေအနေများ၊ နိုင်ငံတကာမျက်နှာစာ၌ မြန်မာနိုင်ငံဘက်မှ ဆက်လက်ရပ်တည်သွားနိုင်မှု အခြေအနေများ၊ ရုရှားနိုင်ငံ၏ အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲရေးကြိုးပမ်းချက်များအပေါ် မြန်မာနိုင်ငံ အနေဖြင့် ဆက်လက်ရပ်တည်သွားမည့်အခြေအနေများ၊ နှစ်နိုင်ငံကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်နိုင်မည့်အခြေအနေများ၊ နှစ်နိုင်ငံအကြမ်းဖက်မှု တိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက် မည့်အခြေအနေများ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးအတွက် နှစ်နိုင်ငံအကြား သတင်းအချက်အလက်များ အပြန်အလှန်ဖလှယ်ရေးဆိုင်ရာကိစ္စရပ်များ၊ မြန်မာနိုင်ငံအနေဖြင့် ကုန်သွယ်မှုလုပ်ငန်းများဆောင်ရွက်ရာ၌ အိမ်နီးချင်းနိုင်ငံများနှင့် တိုက်ရိုက်ငွေပေးချေမှုများကို ဆောင်ရွက်လျက်ရှိမှုအခြေအနေများ၊ မြန်မာနိုင်ငံနှင့် ရုရှားတပ်မတော်နှစ်ရပ်အကြား ရေတပ်လေ့ကျင့်ခန်းကို အောင်မြင်စွာဆောင်ရွက် နိုင်ခဲ့မှုအခြေအနေများ၊ လေကြောင်းတိုက်ရိုက်ပျံသန်းမှုနှင့် ခရီးသွားကဏ္ဍမြှင့်တင်ရေး ဆိုင်ရာကိစ္စရပ်များ၊ ကျန်းမာရေးကဏ္ဍ၊ စွမ်းအင်ကဏ္ဍ၊ လျှပ်စစ်ကဏ္ဍ၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍ၊ စိုက်ပျိုးရေးလုပ်ငန်းသုံး ဓာတ်မြေ ဩဇာ ထုတ်လုပ်ရေးကဏ္ဍ၊ ကုန်သွယ်မှုကဏ္ဍနှင့် သံမဏိထုတ်လုပ်မှု လုပ်ငန်းများ တိုးတက်ရေး ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့် ဆောင်ရွက်သွားမည့် အခြေအနေများ၊ နှစ်နိုင်ငံ ကျန်းမာရေးနှင့် ဆေးဘက် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်နိုင်မှုအခြေအနေများ၊ မြန်မာနိုင်ငံမှ ပညာတော်သင်များ ရုရှားနိုင်ငံသို့ ဆက်လက် စေလွှတ်သွား မည့်အခြေအနေများနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာဖြင့် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင်၊ ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှကြီး စိုးဝင်း၊ ကောင်စီတွဲဖက်အတွင်း ရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ပြည်ထောင်စု အစိုးရအဖွဲ့ရုံးဝန်ကြီးဌာန(၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်နှင့် တာဝန်ရှိသူများတက်ရောက် ကြပြီး ရုရှားဖက်ဒရေးရှင်း နိုင်ငံလုံခြုံရေးကောင်စီအတွင်း ရေးမှူးနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ ရုရှားနိုင်ငံသံ အမတ်ကြီး H. E. Mr. Iskander AZIZOV နှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။
#PeopleMedia