• Follow Us on
Latest News

Home မြန်မာ-လာအိုတပ်မတော်နှစ်ရပ်ကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးဆိုင်ရာကိစ္စရပ်များဆွေးနွေး

မြန်မာ-လာအိုတပ်မတော်နှစ်ရပ်ကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးဆိုင်ရာကိစ္စရပ်များဆွေးနွေး

Share this post

နေပြည်တော်၊ နိုဝင်ဘာ ၂၂

 

ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးသည် လာအိုပြည်သူ့တပ်မတော်မှ ထောက်ပံ့ပို့ဆောင်ရေးဌာနအကြီးအကဲဖြစ်သူ Major General Khamphet Sisanon ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယမန်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံခဲ့သည်။

 

တွေ့ဆုံစဉ် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ဆက်ဆံရေးနှင့် ချစ်ကြည် ရင်းနှီးမှုတိုးမြှင့်ဆောင်ရွက်ရေး၊ တပ်မတော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးဆိုင်ရာကိစ္စရပ်များအား ဆွေးနွေးကြသည်။

 

အဆိုပါတွေ့ဆုံပွဲသို့ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ)နှင့်အတူ စစ်ထောက်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး လာအိုပြည်သူ့ တပ်မတော်မှ ထောက်ပံ့ပို့ဆောင်ရေးဌာန အကြီးအကဲနှင့်အတူ ထောက်ပံ့ပို့ဆောင်ရေးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။

 

#PeopleMedia


Share this post