• Follow Us on
Latest News

Home မြန်မာ-လာအိုနှစ်နိုင်ငံ နယ်စပ်လုံခြုံရေး၊ ကုန်သွယ်ရေး၊ လူကုန်ကူးမှုတားဆီးရေးနှင့် မူးယစ်ဆေးဝါးတားမြစ် ရေးကိစ္စရပ်များဆွေးနွေး

မြန်မာ-လာအိုနှစ်နိုင်ငံ နယ်စပ်လုံခြုံရေး၊ ကုန်သွယ်ရေး၊ လူကုန်ကူးမှုတားဆီးရေးနှင့် မူးယစ်ဆေးဝါးတားမြစ် ရေးကိစ္စရပ်များဆွေးနွေး

Share this post

နေပြည်တော်၊ ဇူလိုင် ၂၈

 

လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမြတ်သက်ဦးသည် လာအိုနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ်နှင့် အမျိုးသားကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး Chansamone Chanyalath အား ဇူလိုင် ၂၇ရက်၌ ၎င်း၏ ဝန်ကြီးဌာနတွင် သွားရောက် ဂါဝရပြု တွေ့ဆုံခဲ့သည်။

 

ယင်းသို့ တွေ့ဆုံရာတွင် မြန်မာနိုင်ငံနှင့် လာအိုနိုင်ငံတို့အကြား နှစ်နိုင်ငံ နယ်စပ်လုံခြုံရေး၊ ကုန်သွယ်ရေး၊ လူကုန်ကူးမှု တားဆီးရေးနှင့် မူးယစ်ဆေးဝါးတားမြစ်ရေး စသည့်ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။

 

#PeopleMedia


Share this post