မြန်မာ-လာအိုနှစ်နိုင်ငံ နယ်စပ်ဆက်ဆံရေးရုံးများနှင့် ချစ်ကြည်ရေးတံတားတို့အား အမြန်ဆုံးပြန်လည်ဖွင့်လှစ်၍ နှစ်နိုင်ငံအကျိုးဖြစ်ထွန်းစေမည့်ကိစ္စရပ်များဆောင်ရွက်ရန်ဆွေးနွေး
PUBLISHED - August 14, 2023
နေပြည်တော်၊ ဩဂုတ် ၁၄
(၈)ကြိမ်မြောက် အာဆီယံမူးယစ်ဆေးဝါးဆိုင်ရာဝန်ကြီးများအဆင့် အစည်းအဝေးအပြီးတွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင်သော ကိုယ်စား လှယ်အဖွဲ့သည် လာအိုနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနဝန်ကြီး H.E. Pol. Gen. Vilay Lakhamfong ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံခဲ့သည်။
နှစ်နိုင်ငံနှင့် ပြည်ထဲရေးဝန်ကြီးဌာနများ အချင်းချင်းပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန်၊ မြန်မာ-လာအိုပူးပေါင်း ဆောင်ရွက်မှု ဝန်ကြီးအဆင့် နားလည်မှုစာချွန်လွှာအရ နှစ်စဉ်အပြန်အလှန်အစည်းအဝေးများ ပြန်လည်စတင် ဆောင်ရွက်နိုင်ရန်၊ နှစ်နိုင်ငံနယ်စပ်ဒေသထိန်းချုပ်ရေး၊ မူးယစ်ဆေးဝါး၊ လူကုန်ကူးမှု၊ လက်နက်မှောင်ခိုမှုနှင့် Online လိမ်လည်ရာဇဝတ်မှုများတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန်၊ မြန်မာ-လာအိုနှစ်နိုင်ငံ နယ်စပ် ဆက်ဆံရေးရုံးများနှင့် ချစ်ကြည်ရေးတံတားတို့အား အမြန်ဆုံးပြန်လည်ဖွင့်လှစ်၍ နှစ်နိုင်ငံအကျိုး ဖြစ်ထွန်းစေ မည့်ကိစ္စရပ်များ ဆောင်ရွက်ရန်တို့ကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။
#PeopleMedia