• Follow Us on

Home မြန်မာ-လာအိုနှစ်နိုင်ငံအကြား ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု၊ စွမ်းအင်၊ အလုပ်သမားနှင့် ပြည်သူအချင်းချင်း ထိတွေ့ဆက်မှုအပါအဝင် အကျိုးတူပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များဆွေးနွေး

မြန်မာ-လာအိုနှစ်နိုင်ငံအကြား ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု၊ စွမ်းအင်၊ အလုပ်သမားနှင့် ပြည်သူအချင်းချင်း ထိတွေ့ဆက်မှုအပါအဝင် အကျိုးတူပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များဆွေးနွေး

Share this post

နေပြည်တော်၊ ဇန်နဝါရီ ၁၅

 

လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအောင်ကိုသည် လာအိုနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Thongsavanh Phomvihane အား ဇန်နဝါရီလ ၁၃ ရက်တွင် လာအိုနိုင်ငံခြား ရေးဝန်ကြီး H.E. Mr. Thongsavanh Phomvihane အား လာအိုနိုင်ငံခြားရေးဝန်ကြီးဌာန၌ သွားရောက် ဂါရဝပြု တွေ့ဆုံခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ သိရသည်။

 

ထို့သို့တွေ့ဆုံခဲ့ရာတွင် မြန်မာ-လာအို နှစ်နိုင်ငံအကြား အစဉ်အလာရှိသည့် ချစ်ကြည်ရင်းနှီးမှု တိုးတက်ခိုင်မာစေရေး၊  နှစ်နိုင်ငံအကြား ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု၊ စွမ်းအင်၊ အလုပ်သမားနှင့် ပြည်သူအချင်းချင်းထိတွေ့ဆက်မှုအပါအဝင် အကျိုးတူ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များ ဆက်လက်တိုးမြှင့်ဆောင်ရွက်နိုင်မည့် အခြေအနေတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြောင်း သိရသည်။

 

ထို့ပြင် လာအိုနိုင်ငံခြားရေးဝန်ကြီးနှင့် သံအမတ်ကြီးတို့သည် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ယန္တရားအစည်းအဝေးများ ပုံမှန်ပြန်လည်ကျင်းပသွားနိုင်ရေးနှင့် ဆက်လက်၍ အာဆီယံအပါအဝင် ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာများတွင် နှစ်နိုင်ငံအကြား ခိုင်မာစွာ အပြန်အလှန်ထောက်ခံ ရပ်တည်သွားနိုင်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

 

#PeopleMedia


Share this post