• Follow Us on

Home မြန်မာ-အင်ဒိုနီးရှားနှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများအား ဆွေးနွေး

မြန်မာ-အင်ဒိုနီးရှားနှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများအား ဆွေးနွေး

Share this post

နေပြည်တော်၊ စက်တင်ဘာ ၂၀

 

တောင်အာဖရိကနိုင်ငံ အာရှဒေသသံတမန်များအဖွဲ့၏ နာယကသံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင် လျက်ရှိသည့် မြန်မာသံအမတ်ကြီး ဦးမြင့်ဆွေအား တောင်အာဖရိကနိုင်ငံဆိုင်ရာ အင်ဒိုနီးရှားနိုင်ငံ သံအမတ် ကြီး H.E. Saud Purwanto Krisnawan သည် စက်တင်ဘာလ ၁၈ ရက်တွင် မြန်မာသံရုံးဧည့်ခန်းမ၌ လာ ရောက်တွေ့ဆုံခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ သိရသည်။

 

ထိုသို့ တွေ့ဆုံရာတွင် အာရှဒေသသံတမန်များအဖွဲ့၏ ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များ၊ မြန်မာနိုင်ငံ၏ နိုင်ငံခြားရေး မူဝါဒ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်နှင့်အညီ ငြိမ်းချမ်းရေး၊ တည် ငြိမ်ရေးနှင့် တိုးတက်မှုများ ဖြစ်ထွန်းလာစေရေး ကြိုးပမ်းဆောင်ရွက်နေမှုများ၊ နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်း ဆောင်ရွက်မှုများအား ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 

#PeopleMedia


Share this post