မြန်မာ-အိန္ဒိယနယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးဆိုင်ရာများတွင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဆောင်ရွက်ရေးကိစ္စရပ်များဆွေးနွေး
PUBLISHED - June 13, 2024
နေပြည်တော်၊ ဇွန် ၁၃
ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး သည် အိန္ဒိယတပ်မတော်မှ တွဲဖက် ထောက်လှမ်းရေးညွှန်ကြားရေးမှူးချုပ် Major General Charanjeet Singh Dewgun, YSM, ADG MI(A) ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား ယမန်နေ့တွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမ ဆောင်၌ လက်ခံတွေ့ဆုံခဲ့သည်။
ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ဆက်ဆံရေးနှင့် ချစ်ကြည်ရင်းနှီးမှုတိုးမြှင့်ဆောင်ရွက် ရေး၊ စစ်ဘက်ဆိုင်ရာများ ပိုမိုပူးပေါင်းဆောင် ရွက်ရေး၊ သင်တန်းသားများ အပြန်အလှန် စေလွှတ်ရေးနှင့် လေ့ကျင့်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များ၊ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး ဆိုင်ရာများတွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဆောင်ရွက်ရေးကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ)နှင့်အတူ ကာကွယ် ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦးနှင့် တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး အိန္ဒိယတပ်မတော်မှ တွဲဖက် ထောက်လှမ်းရေးညွှန်ကြားရေးမှူးချုပ် နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယစစ်သံမှူး Colonel Jaswinder Singh Gill နှင့် အိန္ဒိယတပ်မတော်မှအရာရှိကြီးများ တက်ရောက်ခဲ့ကြသည်။
#PeopleMedia