• Follow Us on

Home မြန်မာ-အိန္ဒိယနယ်စပ် ရိခေါ်ဒါရ်မြို့အနီးတွင် တိုက်ပွဲဖြစ်ပွါး

မြန်မာ-အိန္ဒိယနယ်စပ် ရိခေါ်ဒါရ်မြို့အနီးတွင် တိုက်ပွဲဖြစ်ပွါး

Share this post

နေပြည်တော်၊ နိုဝင်ဘာ ၁၂

 

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ မြန်မာ-အိန္ဒိယနယ်စပ်ရှိ ရိခေါ်ဒါရ်မြို့အနီးတွင် ချင်းလက်နက်ကိုင်အဖွဲ့များနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ တိုက်ပွဲဖြစ်ပွါးနေကြောင်း သိရသည်။

 

နိုဝင်ဘာလ (၁၂) ရက် ညနေ (၆) နာရီခန့်က ရိခေါ်ဒါရ်မြို့ တောင်ကုန်းပေါ်ရှိ တပ်မတော်စခန်းတစ်ခုကို ချင်း လက်နက်ကိုင်အဖွဲ့များဖြစ်သည့် CNA နှင့် Chinland Defense Force အဖွဲ့များမှ စတင်တိုက်ခိုက်ခဲ့ရာမှ တိုက်ပွဲဖြစ်ပွါးခဲ့ခြင်းဖြစ်သည်။

 

အဆိုပါ တိုက်ပွဲကြောင့် ရိခေါ်ဒါရ်မြို့ရှိ ဒေသခံများသည် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် ဇိုခေါ်သာရ်ကျေးရွာ ဘက်သို့ ထွက်ပြေး တိမ်းရှောင်ခဲ့ကြကြောင်း သိရသည်။

 

Photo – Credit

 

#PeopleMedia


Share this post