• Follow Us on

Home မြန်မာ-အိန္ဒိယနယ်စပ် ရိခေါဒါရ်မြို့ တပ်မတော် အထိုင်ချစခန်း ဆုတ်ခွါပေးလိုက်ရ

မြန်မာ-အိန္ဒိယနယ်စပ် ရိခေါဒါရ်မြို့ တပ်မတော် အထိုင်ချစခန်း ဆုတ်ခွါပေးလိုက်ရ

Share this post

နေပြည်တော်၊ နိုဝင်ဘာ ၁၄

 

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ မြန်မာ-အိန္ဒိယနယ်စပ်ရှိ ရိခေါ်ဒါရ်မြို့ တောင်ကုန်းပေါ်ရှိ တပ်မတော် အထိုင်ချ စခန်း ဆုတ်ခွါပေးလိုက်ရကြောင်း သိရသည်။

 

နိုဝင်ဘာလ (၁၂) ရက် ညနေ (၆) နာရီခန့်က ရိခေါ်ဒါရ်မြို့ တောင်ကုန်းပေါ်ရှိ တပ်မတော် စခန်းတစ်ခုကို ချင်း လက်နက်ကိုင်အဖွဲ့များဖြစ်သည့် CNA နှင့် Chinland Defense Force အဖွဲ့များမှ စတင်တိုက်ခိုက်ခဲ့ရာမှ တိုက်ပွဲဖြစ်ပွါးခဲ့သည်။

 

အဆိုပါ တိုက်ပွဲဖြစ်ပွါးပြီးနောက် နိုဝင်ဘာလ (၁၃) ရက် မွန်းလွဲပိုင်းတွင် တပ်မတော်အထိုင်ချစခန်းမှ တပ်မတော်သားများ ဆုတ်ခွါပေးလိုက်ပြီး အိန္ဒိယနိုင်ငံအတွင်းသို့ ဝင်ရောက်သွားကြောင်း သိရသည်။

 

ယင်းအပြင် တိုက်ပွဲဖြစ်ပွါးမှုကြောင့် ရိခေါ်ဒါရ်မြို့ရှိ ဒေသခံများအနေဖြင့်လည်း အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် ဇိုခေါ်သာရ်ကျေးရွာဘက်သို့ ထွက်ပြေး တိမ်းရှောင်ခဲ့ကြကြောင်း သိရသည်။

 

ပြီးခဲ့သည့် ရက်ပိုင်းကလည်း စစ်ကိုင်းတိုင်း ကလေး-တမူး လမ်းမပေါ်ရှိ ခမ်းပတ်မြို့ ရဲစခန်းကို CNDF၊ RKDF၊ PDF၊ နဲ့ ပူးပေါင်းအဖွဲ့များက ဝင်ရောက်တိုက်ခိုက်မှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် စခန်းဆုတ်ခွါ ပေးခဲ့ရသည်။

 

Photo – Credit

 

#PeopleMedia


Share this post