မြန်မာ-အိန္ဒိယနှစ်နိုင်ငံ တရားမဝင်မူးယစ်ဆေးဝါးနှင့် လက်နက်ရောင်းဝယ်ဖောက်ကားမှုကဏ္ဍများတွင် အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်ရေးကိစ္စရပ်များဆွေးနွေး

PUBLISHED - June 28, 2024
နေပြည်တော်၊ ဇွန် ၂၈
အာရှပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ဆွေးနွေးပွဲအဖွဲ့(အေစီဒီ)၏ (၁၉) ကြိမ်မြောက် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ ပါဝင်တက်ရောက်ခဲ့သည့် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးသန်းဆွေသည် အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမိုးကျော်အောင်နှင့် မြန်မာကိုယ်စားလှယ် အဖွဲ့ဝင်များ လိုက်ပါလျက် ဇွန်လ ၂၆ရက် ဒေသစံတော်ချိန် မွန်းလွဲ ၃နာရီ ၃၀ နာရီတွင် အိန္ဒိယ ပြည်ပရေးရာ ဝန်ကြီး ဒေါက်တာ အက်စ် ဂျိုင်ရှန်ကာနှင့် နယူးဒေလီမြို့ရှိ အိန္ဒိယနိုင်ငံခြား ရေးဝန်ကြီးဌာန၌ နှစ်နိုင်ငံသီးခြား တွေ့ဆုံဆွေးနွေးခဲ့သည်။
အိန္ဒိယပြည်ပရေးရာဝန်ကြီးနှင့် တွေ့ဆုံစဉ် မြန်မာနှင့် အိန္ဒိယနိုင်ငံတို့အကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှု ပိုမို တိုးတက်ခိုင်မာစေရေး၊ တရားမဝင် မူးယစ်ဆေးဝါးနှင့် လက်နက် ရောင်းဝယ်ဖောက်ကားမှုများ၊ လူကုန်ကူး မှုများ တိုက်ဖျက်ရေး စသည့်ကဏ္ဍများတွင် နှစ်နိုင်ငံအပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရေး၊ အေစီဒီနှင့် ဘင်းမ်စတက် မျက်နှာစာတွင် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားရေး ကိစ္စရပ်များအပေါ် ဆွေးနွေးခဲ့ကြသည်။
#PeopleMedia