မြန်မာ-အိန္ဒိယ 6th Army to Army Staff Talks အစည်းအဝေးပြုလုပ်၊ နှစ်နိုင်ငံကိုယ်စားလှယ်အဖွဲ့ဝင်များက သက်ဆိုင်ရာကဏ္ဍအလိုက်အပြန်အလှန်ဆွေးနွေး
PUBLISHED - June 14, 2024
နေပြည်တော်၊ ဇွန် ၁၄
မြန်မာ-အိန္ဒိယ 6th Army to Army Staff Talks အစည်းအဝေးကို ဇွန် ၁၁ရက် နံနက်ပိုင်းက နေပြည်တော်ရှိ Park Royal Hotel ၌ ပြုလုပ်ရာ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦးနှင့် တပ်မ တော်အရာရှိကြီးများ၊ အိန္ဒိယတပ်မတော်မှ တွဲဖက်ထောက်လှမ်းရေးညွှန်ကြားရေးမှူးချုပ် Major General Charanjeet Singh Dewgun, YSM, ADG MI(A) ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့ တက်ရောက် ဆွေးနွေးကြသည်။
ဦးစွာ မြန်မာ့တပ်မတော်အဖွဲ့ခေါင်းဆောင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီးကိုကိုဦးနှင့် အိန္ဒိယတပ်မတော်မှ အဖွဲ့ခေါင်းဆောင် တွဲဖက်ထောက်လှမ်းရေးညွှန်ကြားရေးမှူးချုပ် Major General Charanjeet Singh Dewgun, YSM, ADG MI(A) တို့က နှုတ်ခွန်းဆက်စကားများ အသီးသီးပြောကြားကြ သည်။ ထို့နောက် အစည်းအဝေးသို့တက်ရောက်လာကြသည့် နှစ်နိုင်ငံကိုယ်စားလှယ်အဖွဲ့ဝင်များက သက်ဆိုင် ရာကဏ္ဍအလိုက် အပြန်အလှန်ဆွေးနွေးကြသည်။ ယင်းနောက် အစည်းအဝေးဆုံးဖြတ်ချက်များနှင့် ဆောင်ရွက် ပြီးစီးမှုများအား ဖတ်ကြားရှင်းလင်းကြသည်။
မြန်မာ-အိန္ဒိယ 6th Army to Army Staff Talks အစည်းအဝေးသို့ တက်ရောက်လာကြသည့် အိန္ဒိယတပ်မ တော် ကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံသို့ ရောက်ရှိနေစဉ်အတွင်း နေပြည်တော်ရှိ ဥပ္ပါတသန္တိစေတီတော် မြတ်ကြီးနှင့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအားသွားရောက် ဖူးမြော်ကြည်ညိုကြပြီး နေပြည်တော်ရှိ အထင်ကရနေရာများဖြစ်သည့် သူရဲကောင်းဗိမာန်နှင့် ကျောက်မျက်ရတနာပြခန်းတို့သို့ လေ့လာခဲ့ကြသည်။
ထို့အပြင် ရှမ်းပြည်နယ်(တောင်ပိုင်း) ညောင်ရွှေမြို့နယ်ရှိ အင်းလေးကန်သို့လည်းကောင်း၊ ရန်ကုန်မြို့ရှိ ဗိုလ်ချုပ် အောင်ဆန်းဈေးသို့လည်းကောင်း သွားရောက်လေ့လာခဲ့ကြပြီး ရွှေတိဂုံစေတီတော်အား သွား ရောက်ဖူးမြော်ခဲ့ကြသည်။
#PeopleMedia