• Follow Us on

Home မြန်မာ-အီဂျစ်နှစ်နိုင်ငံ စိုက်ပျိုးရေး၊ ကုန်သွယ်ရေး၊ ပညာရေး၊ ယဉ်ကျေးမှုနယ်ပယ်တို့တွင် ပူးပေါင်းဆောင်ရွက် မည့်ကိစ္စရပ်များဆွေးနွေး

မြန်မာ-အီဂျစ်နှစ်နိုင်ငံ စိုက်ပျိုးရေး၊ ကုန်သွယ်ရေး၊ ပညာရေး၊ ယဉ်ကျေးမှုနယ်ပယ်တို့တွင် ပူးပေါင်းဆောင်ရွက် မည့်ကိစ္စရပ်များဆွေးနွေး

Share this post

နေပြည်တော်၊ ဩဂုတ် ၂၁

 

အီဂျစ်အာရပ်သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမြင့်လွင်သည် မကြာသေးမီက တာဝန်ပြီးဆုံး၍ အီ ဂျစ်နိုင်ငံသို့ ပြန်လည်ရောက်ရှိနေသာ မြန်မာနိုင်ငံဆိုင်ရာ အီဂျစ်သံအမတ်ကြီး Ambassador Sherif Salah Eldin Elleithy အား ၎င်း၏ မေတ္တာရပ်ခံချက်အရ ဩဂုတ်လ ၂၀ ရက် မွန်းလွဲ ၁ နာရီတွင် ကိုင်ရိုမြို့၊ မြန်မာ သံရုံး၌ လက်ခံတွေ့ဆုံခဲ့‌ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာမှ သိရသည်။

 

ထိုသို့တွေ့ဆုံရာတွင် ၎င်းမှ မြန်မာ-အီဂျစ် အစိုးရနှင့် ပြည်သူများအကြား ဆက်ဆံရေး ပိုမိုတိုးမြှင့်နိုင်ရေး အတွက် အနာဂတ်တွင် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားနိုင်မည့် အစီအစဉ်များ၊ နှစ်နိုင်ငံအကြား စိုက်ပျိုး ရေး၊ ကုန်သွယ်ရေး၊ ပညာရေး၊ ယဉ်ကျေးမှုနယ်ပယ်တို့တွင် ပူးပေါင်းဆောင်ရွက်သွားနိုင်မည့်ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

 

#PeopleMedia


Share this post