မြန်အောင်မြို့တွင် စိတ်ကျန်းမာရေးချို့တဲ့သည့် အမျိုးသားမှ ဇနီးကို ဓားဖြင့်ခုတ်သတ်

PUBLISHED - February 11, 2025
နေပြည်တော်၊ ဖေဖော်ဝါရီ ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့၊ စမ်းရွာကြီးအုပ်စု၊ ညောင်ခြေထောက်ကျေးရွာတွင် စိတ်ကျန်းမာရေးချို့တဲ့သည့် အမျိုးသားမှ ဇနီးကိုဓားဖြင့်ခုတ်သတ်ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဖေဖော်ဝါရီလ ၉ ရက် ည ၈ နာရီအချိန်တွင် ဇနီးမောင်နှံနှစ်ဦး ရန်ဖြစ်စကားများနေသောကြောင့် အိမ်နီးချင်းအမျိုးသားတစ်ဦးဖြစ်သူမှ သွားရောက်ရာ အသွား(၁၁) လက်မခွဲကျော်ခန့်၊ အရိုး(၂၀) လက်မခွဲ ကျော်ခန့်၊ ဗျက် (၁) လက်ခွဲကျော်ခန့်ရှိသည့် သံခွေးစွပ်ဝါးရိုးတပ်ထားသည့် ဓားကောက်ဖြင့် အမျိုး သားဖြစ်သူမှ ဇနီး၏ ဂုတ်အားခုတ်မိရာ (၅) လက်မခန့်ပြတ်ရှဒဏ်ရာ (၁) ချက်ရရှိ၍ သေဆုံးသွားကြောင်း သိရသည်။
ယင်းဖြစ်စဉ်နေရာသို့ တာဝန်ရှိသူများရောက်ရှိလာပြီး သေဆုံးသည့် မဇင်မာဦး၏ ရုပ်အလောင်းကို အင်ပင်တိုက်နယ်ဆေးရုံသို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။
ကျူးလွန်သည့် အမျိုးသားဖြစ်သူ မင်းအောင်အား အင်ပင်နယ်မြေရစခန်းမှ ဥပဒေအရ အရေးယူထားကြောင်း၊ ထိုအမျိုးသားမှာ စိတ်ကျန်းမာရေးချို့တဲ့သူတစ်ဦးလည်း သိရသည်။
Photo – Credit
#PeopleMedia