မြမ္ဘိုင္းၿမိဳ့၌ ႏွစ္ရက္အတြင္း ရဲတပ္ဖြဲ႕ဝင္ ၂၇၈ ဦး ကိုဗစ္-၁၉ ကူးစက္ခံရ

PUBLISHED - May 23, 2020
၂၀၂၀၊ ေမ ၂၂
အိႏၵိယနိုင္ငံ၊ မြမ္ဘိုင္းၿမိဳ့၌ ႏွစ္ရက္အတြင္း ရဲတပ္ဖြဲ႕ဝင္ ၂၇၈ ဦး ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံခဲ့ရေၾကာင္း မဟာ ရတ္ခ်္ထရာျပည္နယ္ ရဲတပ္ဖြဲ႕က ယေန႔ ေျပာသည္။
ျပန္လည္သက္သာလာသူ ၄၇၃ ဦးႏွင့္ ေသဆုံးသူ ၁၆ ဦးအပါအဝင္ မဟာရတ္ရွ္ထရာျပည္နယ္ ရဲတပ္ဖြဲ႕ တြင္ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံရသူ စုစုေပါင္းအေရအတြက္မွာ ၁၆၆၆ ဉီးအထိ ျမင့္တက္လာခဲ့ၿပီး ေရာဂါ လကၡဏာျပသသူ ၁၁၇၇ ဦး ရွိသည္။
ကိုဗစ္-၁၉ ေရာဂါႏွင့္ဆက္စပ္ေသာ တာဝန္မ်ားထမ္းေဆာင္ေနခ်ိန္ ရဲတပ္ဖြဲ႕ဝင္ ၈၆ ဦး ဒဏ္ရာရရွိခဲ့ၿပီး အသြားအလာကန္႔သတ္ထားသည့္ ကာလအတြင္း ရဲတပ္ဖြဲ႕ဝင္မ်ားအေပၚ တိုက္ခိုက္မွုေၾကာင့္ လူ ၈၂၃ ဦးကို ဖမ္း ဆီးခဲ့ေၾကာင္း မဟာရတ္ရွ္ထရာျပည္နယ္ ရဲတပ္ဖြဲ႕က ေျပာၾကားသည္။
မဟာရတ္ရွ္ထရာျပည္နယ္၌ လက္ရွိအခ်ိန္ထိ က်န္းမာေရးဝန္ထမ္း ၄၁ ဦးတိုက္ခိုက္ခံခဲ့ရသည္။ အသြား အလာကန္႔သတ္မွု လမ္းညႊန္ခ်က္မ်ား ခ်ိဳးေဖာက္မွုေၾကာင့္ လူေပါင္း ၂၂၅၄၃ ဦးကို ဖမ္းဆီးခဲ့ၿပီး ေမာ္ေတာ္ယာဥ္ ၆၉၀၄၆ စီးကို သိမ္းဆည္းခဲ့ကာ ျပစ္မွုက်ဴးလြန္သူမ်ားထံမွ ဒဏ္ေၾကး ႐ူပီး ၅၁ သန္းေက်ာ္ ရရွိခဲ့သည္။
မဟာရတ္ရွ္ထရာျပည္နယ္မွာ ကိုဗစ္-၁၉ ကပ္ေရာဂါ အဆိုးရြားဆုံးေဘးသင့္သည့္ ျပည္နယ္တစ္ခုျဖစ္ သည္။ ျပန္လည္သက္သာလာသူ ၁၁၇၂၆ ဦးႏွင့္ ေသဆုံးသူ ၁၄၅၄ ဉီး အပါအဝင္ မဟာရတ္ရွ္ထရာျပည္နယ္တြင္ ကိုဗစ္-၁၉ ေရာဂါ ကူးစက္လူနာ ၄၁၆၄၂ ဉီးရွိေၾကာင္း က်န္းမာေရးႏွင့္ မိသားစုသက္သာေခ်ာင္ခ်ိေရးဝန္ႀကီးဌာန ၏ ေျပာၾကားခ်က္အရ သိရသည္။
ကိုးကား။ ။ေအအင္န္အိုင္
Ref; 278 Maharashtra Police personnel test COVID-19 positive in last 48 hours
#PeopleMedia
(unicode)
မွမ်ဘိုင်းမြို့၌ နှစ်ရက်အတွင်း ရဲတပ်ဖွဲ့ဝင် ၂၇၈ ဦး ကိုဗစ်-၁၉ ကူးစက်ခံရ
………………………………………………
၂၀၂၀၊ မေ ၂၂
အိန္ဒိယနိုင်ငံ၊ မွမ်ဘိုင်းမြို့၌ နှစ်ရက်အတွင်း ရဲတပ်ဖွဲ့ဝင် ၂၇၈ ဦး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရကြောင်း မဟာ ရတ်ခ်ျထရာပြည်နယ် ရဲတပ်ဖွဲ့က ယနေ့ ပြောသည်။
ပြန်လည်သက်သာလာသူ ၄၇၃ ဦးနှင့် သေဆုံးသူ ၁၆ ဦးအပါအဝင် မဟာရတ်ရှ်ထရာပြည်နယ် ရဲတပ်ဖွဲ့ တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ စုစုပေါင်းအရေအတွက်မှာ ၁၆၆၆ ဉီးအထိ မြင့်တက်လာခဲ့ပြီး ရောဂါ လက္ခဏာပြသသူ ၁၁၇၇ ဦး ရှိသည်။
ကိုဗစ်-၁၉ ရောဂါနှင့်ဆက်စပ်သော တာဝန်များထမ်းဆောင်နေချိန် ရဲတပ်ဖွဲ့ဝင် ၈၆ ဦး ဒဏ်ရာရရှိခဲ့ပြီး အသွားအလာကန့်သတ်ထားသည့် ကာလအတွင်း ရဲတပ်ဖွဲ့ဝင်များအပေါ် တိုက်ခိုက်မှုကြောင့် လူ ၈၂၃ ဦးကို ဖမ်း ဆီးခဲ့ကြောင်း မဟာရတ်ရှ်ထရာပြည်နယ် ရဲတပ်ဖွဲ့က ပြောကြားသည်။
မဟာရတ်ရှ်ထရာပြည်နယ်၌ လက်ရှိအချိန်ထိ ကျန်းမာရေးဝန်ထမ်း ၄၁ ဦးတိုက်ခိုက်ခံခဲ့ရသည်။ အသွား အလာကန့်သတ်မှု လမ်းညွှန်ချက်များ ချိုးဖောက်မှုကြောင့် လူပေါင်း ၂၂၅၄၃ ဦးကို ဖမ်းဆီးခဲ့ပြီး မော်တော်ယာဉ် ၆၉၀၄၆ စီးကို သိမ်းဆည်းခဲ့ကာ ပြစ်မှုကျူးလွန်သူများထံမှ ဒဏ်ကြေး ရူပီး ၅၁ သန်းကျော် ရရှိခဲ့သည်။
မဟာရတ်ရှ်ထရာပြည်နယ်မှာ ကိုဗစ်-၁၉ ကပ်ရောဂါ အဆိုးရွားဆုံးဘေးသင့်သည့် ပြည်နယ်တစ်ခုဖြစ် သည်။ ပြန်လည်သက်သာလာသူ ၁၁၇၂၆ ဦးနှင့် သေဆုံးသူ ၁၄၅၄ ဉီး အပါအဝင် မဟာရတ်ရှ်ထရာပြည်နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်လူနာ ၄၁၆၄၂ ဉီးရှိကြောင်း ကျန်းမာရေးနှင့် မိသားစုသက်သာချောင်ချိရေးဝန်ကြီးဌာန ၏ ပြောကြားချက်အရ သိရသည်။
ကိုးကား။ ။အေအင်န်အိုင်
Ref; 278 Maharashtra Police personnel test COVID-19 positive in last 48 hours
#PeopleMedia