• Follow Us on
Latest News

Home မြဝတီနှင့် ဝိုင်းမော်တို့တွင် အကြမ်းဖက်အဖွဲ့များက ပစ်ခတ်မှုကြောင့် လူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိ

မြဝတီနှင့် ဝိုင်းမော်တို့တွင် အကြမ်းဖက်အဖွဲ့များက ပစ်ခတ်မှုကြောင့် လူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိ

Share this post

နေပြည်တော်၊ ဇူလိုင် ၂၁

 

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်နှင့် ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်တို့တွင် အကြမ်းဖက်အဖွဲ့များ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် လူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

ဇူလိုင်လ ၁၈ ရက်နေ့ နံနက် ၁၀ နာရီ ၁၅ မိနစ်အချိန်တွင် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ အမှတ်(၄) ရပ်ကွက် နေ ကိုအောင်ကျော်ဆင့် (၂၈) နှစ်နှင့် ကိုနိုင်ချေ (၂၃) နှစ်တို့သည် အေးသုခကျေးရွာဘက်မှ ပွင့်လင်းအေးမြိုင် ကျေးရွာဘက်သို့ KYN-7 9G/2147 Honda Fit အနက်ရောင်ယာဉ်ဖြင့် မောင်းနှင်ထွက်ခွာလာစဉ် ပွင့်လင်း အေးမြိုင်အဝင်လမ်းအရောက် လမ်း၏ဝဲဘက်မှ အကြမ်းဖက်အဖွဲ့(စိစစ်ဆဲ)က သေနတ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ သဖြင့် ကိုအောင်ကျော်ဆင့်တွင် ကျည်ထိမှန်ဒဏ်ရာရရှိခဲ့၍ ဆေးကုသနိုင်ရေး မြဝတီခရိုင်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။

 

အလားတူ မွန်းလွဲ ၁၂ နာရီ ၄၀ မိနစ်အချိန်တွင် ကချင်ပြည်နယ်၊ မံစီမြို့နယ်၊ နမ့်ပေါင်ကျေးရွာနေ ဦးဖော်ယမ် နော်(၆၁)နှစ်နှင့် တနိုင်း မြို့နယ်၊ ဟူကောင်းရပ်ကွက်နေ ဒေါ်ဂျာအောင်(၃၇)နှစ်တို့သည် ဝိုင်းမော်မြို့ဘက်မှ ဒဘက်ယန်ကျေးရွာသို့ MDY 2D/3605 HONDA ODDESSY အဖြူရောင်ယာဉ်ဖြင့် ထွက်ခွာလာစဉ် ဆမား လမ်းဆုံအရောက် KIA နှင့် PDF အမည်ခံ အကြမ်းဖက်သမားများက သေနတ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ဦးဖော်ယမ်နော်နှင့် ဒေါ်ဂျာအောင်တို့တွင် ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရေး မြစ်ကြီးနားခရိုင် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။

 

#PeopleMedia


Share this post