• Follow Us on
Latest News

Home မြဝတီမြို့တွင် ကမ္ဘောဇဘဏ်ဝန်ထမ်း(အကြီးတန်းမန်နေဂျာ) တစ်ဦး သေနတ်ပစ်ခံရ၍ သေဆုံး

မြဝတီမြို့တွင် ကမ္ဘောဇဘဏ်ဝန်ထမ်း(အကြီးတန်းမန်နေဂျာ) တစ်ဦး သေနတ်ပစ်ခံရ၍ သေဆုံး

Share this post

နေပြည်တော်၊ အောက်တိုဘာ ၃

 

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့၊ အမှတ် ၄ ရပ်ကွက်၊ မေတ္တာ ၃ လမ်းထိပ်အရောက်တွင် ရုံးဆင်းပြီး မော် တော်ဆိုင်ကယ်ဖြင့် နေအိမ်သို့ မောင်းနှင်လာသည့် ကမ္ဘောဇဘဏ်ဝန်ထမ်း(အကြီးတန်းမန်နေဂျာ) တစ်ဦး သေ နတ်ပစ်ခံရ၍ သေဆုံးသွားကြောင်း သိရသည်။

 

အောက်တိုဘာလ ၂ ရက် ညနေ ၅ နာရီကျော်တွင် မြဝတီမြို့၊ အမှတ်(၁) ရပ်ကွက်၊ ဘုရင့်နောင်လမ်းရှိ ကမ္ဘော ဇဘဏ်ခွဲ ၁ မှ အကြီးတန်းမန်နေဂျာဖြစ်သည့် ဦးတင်မောင်အေးမှာ ဘဏ်မှရုံးဆင်းပြီး မော်တော်ဆိုင်ကယ်ဖြင့် တစ်ဦးထဲမောင်းနှင်လာစဉ် မေတ္တာ ၃ လမ်းလမ်းထိပ်အရောက်တွင် ၎င်းကိုစောင့်ဆိုင်းနေသည့် KNU/PDF အဖွဲ့မှ ထိုအမျိုးသားကို သေနတ်ဖြင့်ပစ်ခတ်သွားကြောင်း သိရသည်။

 

ထိုသေနတ်ဖြင့်ပစ်ခတ်ခံရမှုကြောင့် သေဆုံးသွားသည့် ဦးတင်မောင်အေးမှာ ဘယ်ဘက်နားအောက်တွင် ကျည် ဖောက်ဝင်ဒဏ်ရာ ၃ ချက်၊ ညာဘက်ပါးတွင် ကျည်ဖောက်ထွက်ဒဏ် ရာ ၁ ချက်တို့ရရှိပြီး သေဆုံးသွးကြောင်း သိရသည်။

 

Photo – Credit

 

#PeopleMedia


Share this post