• Follow Us on

Home မြဝတီမြို့တွင် သုံးမိနစ်ခံရေနွေးအိုးတည်ထားရာမှ အပူလွန်ကဲပြီး လူနေအဆောင်တန်းလျား (၁၆) ခန်း၊ အိမ် (၁၀) လုံး မီးလောင်ဆုံးရှုံး

မြဝတီမြို့တွင် သုံးမိနစ်ခံရေနွေးအိုးတည်ထားရာမှ အပူလွန်ကဲပြီး လူနေအဆောင်တန်းလျား (၁၆) ခန်း၊ အိမ် (၁၀) လုံး မီးလောင်ဆုံးရှုံး

Share this post

နေပြည်တော်၊ ဇန်နဝါရီ ၁၆

 

ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ်(၃) ရပ်ကွက်၊ ရွှေကုက္ကိုလ်(၅) လမ်းတွင် သုံးမိနစ်ခံရေနွေးအိုးတည်ထားရာမှ အပူလွန်ကဲပြီးမီးလောင်ရာ လူနေအဆောင်တန်းလျား (၁၆) ခန်းနှင့် အိမ်(၁၀) လုံးမီးလောင်ဆုံးရူံးသွားကြောင်း သိရသည်။

 

ဇန်နဝါရီလ ၁၅ ရက် ည ၆ နာရီ ၄၃ အချိန်တွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသောကြောင့် မြဝတီ ခရိုင်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁) စီး၊ မီးသတ်ရေသယ်ယာဉ်(၄)စီး၊ မြဝတီမြို့အရန်မီးသတ် တပ်ဖွဲ့စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁) စီး၊ မီးသတ်ရေသယ်ယာဉ်(၁) စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် မီးငြှိမ်းသတ်ရာ ၇ နာရီ ၄၀ အချိန်တွင် မီးငြိမ်းသွားကြောင်း မြန်မာနိုင်ငံမီး သတ်တပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။

 

“တန်းလျားငှားနေတဲ့အဆောင်က သုံးမိနစ်ခံရေနွေးအိုးတည်ထားတာ မေ့သွားတယ်နဲ့တူတယ် အဲ့မှာစပြီး လောင်တာ။ လူတွေတော့ ထိခိုက်မှုမရှိဘူး။ အပေါ်နဲ့အောက်ဆောက်ထားတဲ့ တန်းလျား (၁၆) ခန်းနဲ့ နေအိမ် (၁၀) လုံးလောင်တယ်။ မီးလောင်ဆုံးရူံးမှုတန်ဖိုးကိုတော့ မသိသေးဘူး။ အိမ်ဆုံးရူံးသွားတဲ့သူတွေကတော့ လက်ရှိနီးစပ်ရာအိမ်တွေမှာနေတယ်” လို့ မီးလောင်ဆုံးရူံးသူများကို ကူညီဆောင်ရွက်ပေးနေသည့် ပြည်သူတစ်ဦးမှ ပြောသည်။

 

အဆိုပါမီးလောင်မှုကြောင့် နေအိမ်ဆုံးရူံးသူများကို ပြည်သူများအနေဖြင့် လှူဒါန်းချင်လိုပါက မီးဘေးအတွက် ကူညီဆောင်ရွက်ပေးသည့် ကိုဘီဝမ်း၏ ဖုန်းနံပတ် ၀၉-၄၅၈၂၄၂၀၄၂ တို့ကို ဆက်သွယ်လှူဒါန်းနိုင်ကြောင်း လည်း သိရသည်။

 

Photo – Credit

 

#PeopleMedia


Share this post