• Follow Us on
Latest News

Home မြဝတီမြို့တွင် အမျိုးသမီးငယ် တစ်ဦး အဓမ္မပြုကျင့်သတ်ဖြတ်ခံရ

မြဝတီမြို့တွင် အမျိုးသမီးငယ် တစ်ဦး အဓမ္မပြုကျင့်သတ်ဖြတ်ခံရ

Share this post

နေပြည်တော်၊ ဩဂုတ် ၇

 

ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ်(၆) ရပ်ကွက်တွင် အမျိုးသမီးငယ်တစ်ဦး အဓမ္မပြုကျင့် သတ်ဖြတ်ခံရ ကြောင်း သိရသည်။

 

ဩဂုတ်လ (၄)ရက်က မြဝတီမြို့၊ အမှတ် (၅) ရပ်ကွက်၊ ဝါးတော(၁၆) လမ်းတွင် နေထိုင်သည့် အသက် (၂၃)နှစ် အရွယ်ရှိ မခိုင်သဉ္ဇာမိုးသည် နေအိမ်မှ သူငယ်ချင်းဖြစ်သူနှင့် ထွက်ခွါသွားပြီးနောက် ပြန်မလာသဖြင့် ၎င်း၏ မိသားစုဝင်များမှ ရှာဖွေခဲ့သည်။

 

ယင်းသို့ ရှာဖွေရာ ဩဂုတ်လ (၅)ရက် နံနက် (၁၁)နာရီခန့်တွင် အဆိုပါ အမျိုးသမီးငယ်၏ အလောင်းအား အမှတ် (၆)ရပ်ကွက်၊ ဗိုလ်ချစ်သူလမ်းဘေး ယာဘက်ခြမ်း ရေမြောင်းအတွင်းတွင် တွေ့ရှိခဲ့သည်။

 

ယင်းနောက်တွင် ၎င်းအမျိုးသမီးငယ်၏ အလောင်းအား မြဝတီခရိုင် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်စစ်ဆေးရာ လည်ပင်းတွင် ညိုမဲဒဏ်ရာ၊ မအင်္ဂါသွေးထွက်ဒဏ်ရာ၊ နှာခေါင်းသွေးထွက် ဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်း စစ်ဆေးတွေ့ရှိခဲ့သဖြင့်  အမျိုးသမီးငယ်သည် အဓမ္မပြုကျင့်ခံရပြီး လည်ပင်းညှစ်၍ အသတ်ခံရခြင်း ဖြစ်နိုင် ကြောင်း ဒေသခံတစ်ချို့၏ ပြောပြချက်အရ သိရသည်။

 

#PeopleMedia


Share this post