မြဝတီမြို့နယ်တွင် KNLA/PDF အဖွဲ့ကပစ်ခတ်သည့် လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲသဖြင့် လူ (၁) ဦး သေဆုံးပြီး (၁) ဦး ဒဏ်ရာရရှိ
PUBLISHED - July 15, 2023
နေပြည်တော်၊ ဇူလိုင် ၁၅
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ အေးသုခကျေးရွာတွင် ဇူလိုင်လ ၁၃ ရက် ည ၇ နာရီအချိန်က KNLA/PDF အဖွဲ့က ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် ၁ လုံး ကျရောက်ပေါက်ကွဲသဖြင့် လူ ၁ ဦး သေဆုံးပြီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
မြဝတီမြို့နယ်၊ အေးသုခကျေးရွာရှိ ဉီးကြည်မြင့်၏ နေအိမ်ဈေးဆိုင်ရှေ့လမ်းပေါ်သို့ KNLA/PDF အဖွဲ့က ပစ် ခတ်လိုက်သည့် လက်နက်ကြီးကျည် ၁ လုံး ကျရောက်ပေါက်ကွဲသဖြင့် ဈေးလာဝယ်သူ ဦးမျိုးလင်းအောင်သည် ဝဲလက်မောင်းပွင့်ထွက်၊ ညာခြေဖနောင့်ပွင့်ထွက် ဒဏ်ရာများဖြင့် အခင်းနေရာတွင်ပင် သေဆုံးခဲ့ပြီး ဆိုင်ရှင် ဉီးကြည်မြင့်တွင်လည်း ဦးခေါင်း၊ လက်မောင်းနှင့် ခြေထောက်တိုတွင် ဒဏ်ရာများရရှိခဲ့သဖြင့် မြဝတီဆေးရုံတွင် ဆေးကုသမှုခံယူနေရကြောင်း သိရသည်။
#PeopleMedia