• Follow Us on

Home မြဝတီမြို့သို့ KNU/PDF များမှ လက်နက်ကြီးကျည်ဖြင့် ပစ်ခတ်ရာ ကျောင်းသားနှစ်ဦး ဒဏ်ရာရရှိ

မြဝတီမြို့သို့ KNU/PDF များမှ လက်နက်ကြီးကျည်ဖြင့် ပစ်ခတ်ရာ ကျောင်းသားနှစ်ဦး ဒဏ်ရာရရှိ

Share this post

နေပြည်တော်၊ သြဂုတ် ၇

 

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့သို့ KNU/PDF များမှ လက်နက်ကြီးကျည်ဖြင့် ပစ်ခတ်ရာ ကျောင်းသားနှ စ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

သြဂုတ်လ ၆ ရက် ညနေ ၄:၂၀ အချိန်တွင် KNU/PDF များမှ လက်နက်ကြီးကျည် (၃) လုံးဖြင့် ပစ်ခတ်ရာ မြဝတီမြို့ရှိ အမှတ်(၃) ရပ်ကွက်၊ ကပ်ကျော်ဘုန်းကြီးအနီးတွင် (၁) လုံးကျရောက်ပေါက်ကွဲပြီး၊ အောင်စစ်သည် (၅) လမ်း၊ အမှတ် (၃)ရပ်ကွက်အတွင်း (၂) လုံး ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

 

ထိုကျရောက်ပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိသည့် အသက်(၁၂) နှစ်အရွယ် မောင်နေဒီယံမှာ (Grade-5) ကျောင်းသားတစ်ဦးဖြစ်ပြီး ညာဘက်လက်ကောက်ဝတ်ပြတ်ရှဒဏ်ရာ၊ ညာဘက်ပါးပေါက်ပြဲဒဏ်ရာနှင့် ကျော ပြင်တို့တွင် ဒဏ်ရာများမှာ စိုးရိမ်ရပြီးကြောင်း၊ အသက်(၁၁) နှစ်အရွယ် (Grade-5) ကျောင်းသားတစ်ဦး မောင်အောင်မျိုးဦးမှာ ညာဘက် တင်ပါး/ကျောပြင်ပေါက်ပြဲဒဏ်ရာနှင့် ရင်ဘက်တို့တွင် မစိုးရိမ်ရသည့် ဒဏ်ရာ များရရှိကြောင်း ၎င်းတို့မှာ အောင်စစ်သည်(၅)လမ်း၊ စစ်မှုထမ်းဟောင်းရပ်၊ အမှတ် (၃)ရပ်ကွက်တွင် နေထိုင် သူများဖြစ်ကြောင်း သိရသည်။

 

ထိုပစ်ခတ်သည့် KNU/PDF များမှာ မြဝတီမြို့အနီးရှိ လက်ခတ်တောင်တွင် နေရာယူပြီး ပစ်ခတ်ကြောင်း သိရသည်။

 

Photo – Credit

 

#PeopleMedia


Share this post