မြဝတီမြို့အတွင်းသို့ KNLA/PDF များက လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံးပြီး သုံးဦး ထိခိုက်ဒဏ်ရာရရှိ
PUBLISHED - March 13, 2024
နေပြည်တော်၊ မတ် ၁၃
ကရင်ပြည်နယ် မြဝတီမြို့အတွင်းသို့ KNLA အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများက လက်နက်ကြီး များဖြင့် ပစ်ခတ်မှုကြောင့် အပြစ်မဲ့အရပ်သား အမျိုးသမီးတစ်ဦး သေဆုံးပြီး သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မြဝတီမြို့ ရွှေမြစန္ဒီတိုးချဲ့ကွက်သစ်နေရာမှ KNLA အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများက ပြီးခဲ့သည့် ရက်ပိုင်း မွန်းလွဲ ၂ နာရီ ၅ မိနစ်ခန့်တွင် ရွာသစ်ကျေးရွာအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ ရာ လက်နက်ကြီးကျည်များသည် ကျေးရွာအတွင်းရှိ ဒေါ်ဇင်မာထွန်း (ဘ) ဦးထွန်းကြည်၏ နေအိမ်ပေါ်သို့ ကျ ရောက်ပေါက်ကွဲခဲ့ပြီး ဒေါ်ဇင်မာထွန်းသည် လက်နက်ကြီးအစ ထိမှန်ဒဏ်ရာဖြင့် သေဆုံးခဲ့ကာ ၎င်း၏နေအိမ် အနီးတွင် နေထိုင်သည့် အမျိုးသား သုံးဦး (စိုးရိမ်ရ) ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
အဆိုပါသေဆုံးသူနှင့် ဒဏ်ရာရရှိသူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် လူမှုရေးအသင်းအဖွဲ့များက မြဝတီ ခရိုင် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူများအား လိုအပ်သည့် ဆေးကုသမှုခံယူ စေလျက်ရှိကြောင်း သိရသည်။
#PeopleMedia