မြဝတီ-ကော့ကရိတ်ဒေါနတောင်တွင် စားသုံးဆီတင်ဆောင်သည့် ၁၂ ဘီးယာဉ်တိမ်းမှောက်မှုဖြစ်ပွား
PUBLISHED - December 3, 2024
နေပြည်တော်၊ ဒီဇင်ဘာ ၃
ကရင်ပြည်နယ် မြဝတီ-ကော့ကရိတ် ဒေါနတောင်တက်လမ်းတွင် ဒီဇင်ဘာလ ၁ ရက်နေ့ နံနက် ၁၀ နာရီဝန်းကျင်အချိန်က စားသုံးဆီ တင်ဆောင်သည့် ၁၂ ဘီးယာဉ် တိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
စားသုံးဆီတင်ဆောင်သည့် ၁၂ ဘီးယာဉ်တစ်စီးသည် မြဝတီ-ကော့ကရိတ် ဒေါနတောင်တက်လမ်းတွင် အပေါ်လမ်းမှ အောက်လမ်းသို့ မောင်းနှင်လာစဉ် ရေတံခွန်အနီးအရောက်တွင် လမ်းချော်ပြီး တိမ်းမှောက်ကာ ပေ ၁၅၀ အနက် ချောက်ထဲထိုးကျခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
၁၂ ဘီးယာဉ်၏ ယာဉ်မောင်းဖြစ်သူမှာ ထိခိုက်ဒဏ်ရာ အနည်းငယ်သာရခဲ့ကြောင်း သိရသည်။
#PeopleMedia