• Follow Us on

Home မြဝတီ-ကော့ကရိတ်အာရှလမ်းတွင် ခရီးသည်ယာဉ်အား KNU/PDF မှ ၄၀ မမ ဗုံးပစ်လောင်ချာဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့သဖြင့် ခရီးသည် ၄ ဦး ထိခိုက်ဒဏ်ရာရရှိ

မြဝတီ-ကော့ကရိတ်အာရှလမ်းတွင် ခရီးသည်ယာဉ်အား KNU/PDF မှ ၄၀ မမ ဗုံးပစ်လောင်ချာဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့သဖြင့် ခရီးသည် ၄ ဦး ထိခိုက်ဒဏ်ရာရရှိ

Share this post

နေပြည်တော်၊ သြဂုတ် ၂၁

 

မြဝတီ-ကော့ကရိတ်အာရှလမ်း၊ ကွင်းကလေးတံတား အကျော်အတက်ကွေ့၊ ဒေါနသစ္စာစားသောက်ဆိုင် အနီးတွင် ဩဂုတ်လ ၂၀ ရက်၊ နံနက် ၁၀ နာရီအချိန်ခန့်က ခရီးသည်ယာဉ်အား KNU/PDF မှ ၄၀ မမ ဗုံးပစ် လောင်ချာဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ခရီးသည် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ မြဝတီမှ ကော့ကရိတ်သို့ မောင်းနှင့်လာသော ခရီးသည် (၁၅) ဦး စီးနင်းလိုက်ပါလာသည့် ယာဉ် အမှတ် BGO-11 8L-7116 Super Custom (အဖြူရောင်)ခရီးသည်တင်ယာဉ်အား KNU/PDF မှ ၄၀ မမ ဗုံး ပစ်လောင်ချာဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး၊ ပစ်ခတ်ခံရသဖြင့် ဦးထိန်လင်း၊ ၄၅ နှစ်၊ ဦးစိုးမင်းအောင် ၃၅ နှစ်၊ ကိုစန်းလင်းအောင် ၂၃ နှစ်နှင့် မနန်းလွမ်ငင် ၁၉ နှစ် ထိခိုက်ဒဏ်ရာများရရှိခဲ့၍ ဆေးရုံသို့ ပို့ဆောင် လိုက် ရကြောင်း သိရသည်။

 

#PeopleMedia


Share this post