မြဝတီ-ရွှေကုက္ကိုနဲ့ KK ပန်းခြံ ဒေသတွေက လျှပ်စစ်မီးနဲ့ အင်တာနက်ဆက်သွယ်ရေးကို အိမ်နီးချင်းနိုင်ငံက ရရှိနေတာဖြစ်ကြောင်း မြန်မာ နစက အစိုးရပြော

PUBLISHED - January 22, 2025
နိုင်ငံတော်၊ ဇန်နဝါရီ ၂၂
မြဝတီ-ရွှေကုက္ကိုနဲ့ KK ပန်းခြံ (KK Park) ဒေသတွေမှာ လျှပ်စစ်မီးနဲ့ အင်တာနက်ဆက်သွယ်ရေးပါအဝင် အွန်လိုင်းငွေ လိမ်ဂိုဏ်းတွေအတွက် အခြေခံလိုအပ်ချက်တွေကို မြန်မာနိုင်ငံက ရရှိနေတာမဟုတ်ဘဲ အိမ်နီးချင်းနိုင်ငံက ရရှိနေတာ ဖြစ်ကြောင်း မြန်မာ နစက အစိုးရက ပြောကြားလိုက်တယ်လို့ The Nation မှာ ရေးသားဖော်ပြထားပါတယ်။
အခြေခံအဆောက်အအုံတွေနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ အများစုကို ပြည်ပနိုင်ငံက အဖွဲ့အစည်းတွေက ဆောင်ရွက်ခဲ့တာဖြစ် ပါတယ်။
မြဝတီ-ရွှေကုက္ကိုနဲ့ KK ပန်းခြံ ဒေသမှာ အွန်လိုင်းငွေလိမ်မှုတွေနဲ့ လောင်းကစားမှုတွေအပါအဝင် တရားမဝင် အွန်လိုင်း လုပ်ငန်းတွေကို ကြီးကြီးမားမား ဆောင်ရွက်နေကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (နစက) က ပြောပါတယ်။
အဲဒီလုပ်ငန်းတွေဟာ မြန်မာနိုင်ငံက မဟုတ်ဘဲ အိမ်နီးချင်းနိုင်ငံက ထောက်ပံ့ပေးထားတဲ့ လျှပ်စစ်မီးနဲ့ အင်တာနက် ဆက်သွယ်ရေးတွေကို မှီခိုအားထားနေရတာဖြစ်တယ်လို့ ဆိုပါတယ်။
၂၀၁၆ ခုနှစ်မှာ မူလက စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းတွေအတွက် စတင်တည်ထောင်ခဲ့တဲ့ ရွှေကုက္ကိုဒေသကို တရားမဝင်စီးပွားရေးတွေလုပ်နေတယ်ဆိုတဲ့ မီဒီယာသတင်းတွေကြောင့် ရပ်ဆိုင်းခဲ့ပါတယ်။
ဒေသတွင်း လက်နက်ကိုင်အုပ်စုတွေရှိနေတာရယ် တရားဥပဒေစိုးမိုးမှု မရှိတာရယ်ကြောင့် အကျိုးအမြတ်ရရှိဖို့ ကြိုးပမ်း နေတဲ့ လူပုဂ္ဂိုလ်/အဖွဲ့အစည်းတွေက စီစဉ်ဆောင်ရွက်နေတဲ့ အွန်လိုင်းငွေလိမ်မှုတွေနဲ့ လောင်းကစားတွေအပါအဝင် ရာ ဇဝတ်မှုဆိုင်ရာလုပ်ငန်းတွေပါ တိုးမြင့်လာနေတာဖြစ်ပါတယ်။
အဲဒီတရားမဝင် အွန်လိုင်းလုပ်ငန်းတွေဟာ မြန်မာနိုင်ငံပြင်ပမှာရှိတဲ့ အခြေခံအဆောက်အအုံနဲ့ အခြေခံဝန်ဆောင်မှုလုပ် ငန်းတွေက နိုင်ငံခြားတွေရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကနေတစ်ဆင့် နိုင်ငံတကာရာဇဝတ်မှုကွန်ရက်တွေနဲ့ ချိတ်ဆက်နေတယ် လို့ ဆိုပါတယ်။
ဖိလစ်ပိုင်နိုင်ငံနဲ့ ကမ္ဘောဒီးယားနိုင်ငံတို့မှာ အွန်လိုင်း လောင်းကစားလုပ်ငန်းတွေ ၂၀၁၅ ခုနှစ်ကတည်းက ကျယ်ကျယ် ပြန့်ပြန့် ဆောင်ရွက်နေကြတာဖြစ်ပြီး နောက်ပိုင်း ၂၀၁၉ ခုနှစ်မှာ မြန်မာနိုင်ငံဘက်အထိ တိုးချဲ့လာခဲ့ကြတာဖြစ်ပါတယ်။
ထိုင်းနိုင်ငံထဲကနေ မြန်မာနယ်စပ်ကိုဖြတ်ပြီး လူကုန်ကူးခံလိုက်ရတဲ့ တရုတ်နိုင်ငံသား မစ္စတာဝန်ရှင်းရဲ့ဖြစ်စဉ်ဟာ လူသိ များတဲ့ဖြစ်စဉ်ဖြစ်ပါတယ်။
ဝန်ရှင်းကို မြဝတီမြို့နယ်ထဲက နေရာတစ်နေရာကို ခေါ်ဆောင်သွားပြီး အွန်လိုင်းငွေလိမ်မှုတွေနဲ့ လောင်းကစားမှုတွေ ပြု လုပ်ဖို့ အဆင်းအဓမ္မခိုင်းစေခဲ့တယ်လို့ ဆိုပါတယ်။ အလားတူဖြစ်စဉ်မျိုးကို ၂၀၂၃ ခုနှစ်မှာ ထိုင်းနိုင်ငံဘက်ကနေ မြန်မာနိုင်ငံထဲကို တရားမဝင် ဝင်ရောက်လာတဲ့ တရုတ် နိုင်ငံသားတွေဖြစ်တဲ့ မစ္စတာချန်းရှောင်နင်းနဲ့ မစ္စတာယင်းချိယာတို့လည်း ကြုံခဲ့ရပါတယ်။
အွန်လိုင်းငွေလိမ်ဂိုဏ်းတွေနဲ့ လောင်းကစားတွေကို နှိမ်နှင်းဖို့အတွက် မြန်မာနိုင်ငံဟာ အိမ်နီးချင်းနိုင်ငံတွေနဲ့ ပူးပေါင်း ဆောင်ရွက်နေပါတယ်။
ရှမ်းပြည်နယ်မှာရှိတဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို နှိမ်နှင်းရာမှာ မြန်မာနိုင်ငံက တရုတ်နိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့ရာ တရားမဝင် အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို မြန်မာနဲ့ တရုတ် တပ်ဖွဲ့ဝင်တွေက စစ်ဆင်ရေးကြီးနှစ်ကြိမ်ဆောင်ရွက်နှိမ်နှင်း ခဲ့တယ်လို့ ဆိုပါတယ်။
Ref: SAC announces that online scam operations in Myawady-Shwe Kokko and KK Park rely on electricity and internet from a neighbouring country: Eleven Media/ The Nation
#PeopleMedia