• Follow Us on
Latest News

Home မြိတ်ခရိုင်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ၏ နေအိမ်ခြံဝန်းအတွင်း ပေါက်ကွဲမှုဖြစ်ပွား၊ လူထိခိုက်မှုမရှိ

မြိတ်ခရိုင်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ၏ နေအိမ်ခြံဝန်းအတွင်း ပေါက်ကွဲမှုဖြစ်ပွား၊ လူထိခိုက်မှုမရှိ

Share this post

နေပြည်တော်၊ ဒီဇင်ဘာ ၁၃

 

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်၊ ကလွင်ကျေးရွာအုပ်စု၊ ကော့လိပ်ရပ်ကွက်၊ မြရိပ်ညို (၁၁) လမ်းရှိ မြိတ်ခရိုင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသိန်းလွင်၏ နေအိမ်ခြံဝန်းအတွင်း ယမန်နေ့ ည ၇ နာရီခွဲကျော်အချိန်က ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

ဦးသိန်းလွင်၏ မြိတ်မြို့၊ တက္ကသိုလ်ရပ်ကွက်၊ မြရိပ်ညို (၁၁) လမ်းတွင်ရှိသည့် နေအိမ်ခြံဝန်းအတွင်း လက် လုပ်မိုင်းပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး၊ ပေါက်ကွဲမှုကြောင့် မော်တော်ယာဉ်အပါအဝင် ပစ္စည်းများ ထိခိုက်ပျက်စီးခဲ့ ကြောင်းနှင့် လူထိခိုက်မှုမရှိခဲ့ကြောင်း သိရသည်။

 

ဦးသိန်းလွင်သည် သမ္မတဟောင်း ဦးသိန်းစိန်အစိုးရလက်ထက်တွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့တွင် သစ်တောနှင့် သတ္တုဝန်ကြီး၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီးအဖြစ် တာဝန်ယူခဲ့ဖြစ်ကြောင်း သိရသည်။

 

#PeopleMedia


Share this post