• Follow Us on

Home မြိတ်မြို့တွင် မီးလောင်မှုကြောင့် အဆောက်အအုံသုံးလုံးမီးလောင်ကျွမ်းပြီး၊ အမျိုးသားတစ်ဦးလည်းသေဆုံး

မြိတ်မြို့တွင် မီးလောင်မှုကြောင့် အဆောက်အအုံသုံးလုံးမီးလောင်ကျွမ်းပြီး၊ အမျိုးသားတစ်ဦးလည်းသေဆုံး

Share this post

နေပြည်တော်၊ ဇန်နဝါရီ ၁၈

 

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၊ အလယ်ကျွန်းရပ်ကွက်၊ မင်္ဂလာလမ်းသွယ်တွင် မီးလောင်မှုကြောင့် အဆောက်အအုံသုံးလုံးမီးလောင်ကျွမ်းပြီး၊ အမျိုးသားတစ်ဦးလည်း မီးလောင်၍ သေဆုံးသွားကြောင်း တနင်္သာရီတိုင်းဒေသကြီးမီးသတ်ဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

 

ယနေ့ဇန်နဝါရီ ၁၈ ရက် နံနက် ၃ နာရီ ၂၅ အချိန်တွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသောကြောင့် ဖြစ်စဉ်နေရာသို့ မြိတ် ခရိုင်မီးသတ်ဦးစီးမှူး ဦးစန်းဦး ဦးဆောင်၍ သန္ဓေတပ်ဖွဲ့ဝင် (၄၀)ဦး၊ အရန်မီးသတ် တပ်ဖွဲ့ဝင်(၉၀)ဦး၊ ခရိုင်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ ရေသယ် ယာဉ်(၄)စီး၊ အုပ်ချုပ်မှုယာဉ်(၁)စီး၊ မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရေသယ်ယာဉ် (၂)စီး၊ အရန်မီးသတ်စခန်းများမှ မီးငြှိမ်း သတ်ယာဉ်(၇)စီး၊ ရေသယ်ယာဉ်(၆)စီး၊ ပုဂ္ဂလိကရေသယ် ယာဉ်(၅)စီး၊ လူမှုရေးအသင်းများမှ လူနာတင်ယာဉ် (၁၂)စီး၊ တပ်မတော်သား(၁၄)ဦး၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်(၁၂)ဦး၊ ရဲတပ်ဖွဲ့ဝင်(၁၃)ဦးတို့ဖြင့် သွားရောက်၍ ပြည်သူများနှင့်တာဝန်ရှိသူများ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ နံနက် ၃ နာရီ ၃၈ အချိန်တွင် မီးထိန်နိုင်ခဲ့ပြီး၊ နံနက် ၄ နာရီအချိန်တွင် မီးငြှိမ်းသတ်သွားကြောင်း သိရသည်။

 

“ဘယ်လိုဖြစ်ပြီး မီးလောင်လည်းဆိုတာကိုတော့ မသိသေးဘူး။ အမျိုးသားတစ်ယောက်ကတော့ မီးလောင်လို့ ဆုံးသွားတယ်” လို့ မြေပြင်အားသွားရောက်ကူညီသည့် ဒေသခံလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးမှ ပြောသည်။

 

အဆိုပါမီးလောင်မှုကြောင့် အလျား(၃၀)ပေ၊ အနံ(၄၀)ပေ၊ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း(၂)ထပ်လူ နေအိမ် (အောက်ထပ်(၂)ခန်းတွဲ)(၁)လုံး၊  အလျား(၂၅)ပေ၊ အနံ(၄၀)ပေ၊ ဓနိမိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း (၂)ထပ်လူနေအိမ် ပျဉ်ခင်း (၂)ထပ် လူနေအိမ်(အောက်ထပ်(၂)ခန်းတွဲ)အပေါ်ထပ် (၁)လုံး၊အုတ်ညှပ်၊ ပျဉ်ထောင်၊ သွပ်မိုး(၂)ထပ် လူနေအိမ်(၁)လုံး၊ စုစုပေါင်း အဆောက်အအုံ(၃)လုံး မီးလောင်ကျွမ်းပျက်စီးခဲ့ပြီး၊ မီးစတင်လောင်ကျွမ်းသည့် နေအိမ်မှ အမျိုးသားတစ်ဦး(စိစစ်ဆဲ)အား မီးလောင်ကျွမ်းသေဆုံးလျက် တွေ့ရှိခဲ့ရပါကြောင်း သိရသည်။

 

Photo – Credit

 

#PeopleMedia


Share this post