မြိတ်မြို့တွင် မြေပြိုကျ၍ အမျိုးသမီးတစ်ဦး ဒဏ်ရာရ
PUBLISHED - September 28, 2023
နေပြည်တော်၊ စက်တင်ဘာ ၂၈
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့၊ စန္ဒဝတ်ကျေးရွာအုပ်စု၊ ကျွဲကူးကျေးရွာ၊ ပုလဲသွယ်ရပ်ကွက်တွင် နေအိမ်နှစ်လုံး မြေပိ၍ အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိကြောင်း သိရသည်။
စက်တင်ဘာလ ၂၈ ရက် နံနက် ၈:၄၀ အချိန်တွင် မြိတ်မြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေများပြို ကျရာ နေအိမ်နှစ်လုံး ပိကျခဲ့ကြောင်း သိရသည်။
ထိုမြေပိနေသည့် နေအိမ်နှစ်လုံးမှာ အသက် (၆၃) နှစ်အရွယ် ဒေါ်နွဲ့ရီ ပိုင်ဆိုင်သည့် ဓနိမိုး၊ ပျဉ်ကာ ပျဉ်ခင်း နေအိမ်တစ်လုံး၊ ကာလတန်ဖိုး ငွေကျပ်သိန်း (၃၀)ခန့်၊ ထိုင်းကျွဲ လက်တွန်းထွန်စက် ၁ လုံး၊ ငွေကျပ် သိန်း (၃၀) ခန့် ပျက်စီးဆုံးရှုံးပြီး ထိုအမျိုးသမီးမှာ နှဖူးကွဲ၊ညှပ်ရိုးနာဒဏ်ရာရရှိကြောင်း၊ အသက် (၄၁) နှစ်ရွယ် ဦးအောင်ဇော်ဦးပိုင်ဆိုင်သည့် ဓနိမိုး၊ ယိုင်ကာ၊ ပျဉ်ခင်း နေအိမ်တစ်လုံး၊ ကာလတန်ဖိုး ငွေကျပ် သိန်း(၂၀) ခန့်နှင့် ဗီယက်နမ်ဆိုင်ကယ်တစ်စီး၊ ငွေကျပ် (၁၅)သိန်းခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်း ထိခိုက်ဒဏ်ရာရရှိသည့် အမျိုးသမီးကို သစ္စာမေတ္တာနာရေးကူညီမှုယာဉ်ဖြင့် ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ထိုနေရာသို့ မြိတ်ခရိုင်မီးသတ်ဦးမှ တာဝန်ရှိသူများနှင့် နာရေးကူညီမှုအသင်းယာဉ်များ၊ ရေနန်းသူဇာကုမ္ပဏီမှ မြေသယ်ယာဉ်နှစ်စီး၊ မြေတူးစက် ၁ စီး၊ ဧရာနဒီ မြေပေါ်လွန်းကျင်းမှ ကရိန်းကား၁စီး၊ မြေသယ်ယာဉ် ၂ စီး တို့ဖြင့် ပြိုကျသော နေအိမ်များနှင့် မြေများကို သယ်ယူ ရွှေ့ပြောင်းပေးခဲ့ကြောင်း သိရသည်။
Photo – Credit
#PeopleMedia