• Follow Us on
Latest News

Home မြိတ်မြို့နယ်နှင့် သန်လျင်မြို့နယ်တို့တွင် ကျပ် ၇၈၉၈ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

မြိတ်မြို့နယ်နှင့် သန်လျင်မြို့နယ်တို့တွင် ကျပ် ၇၈၉၈ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

Share this post

နေပြည်တော်၊ ဖေဖော်ဝါရီ ၆

 

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်နှင့် ရန်ကုန်တိုင်းဒေသကြီးသန်လျင်မြို့နယ်တို့တွင် ငွေကျပ် ၇၈၉၈ သိန်း တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

 

ဖေဖော်ဝါရီလ ၃ ရက်နေ့ မွန်းလွဲ ၃ နာရီ ၃၀ အချိန် သတင်းအရ သက်သေများနှင့်အတူ မြိတ်မြို့၊ ကုန်းဖောက် ရပ်ကွက်တွင် အေးဝင်း မောင်းနှင်ပြီး မျိုးဝင်း လိုက်ပါလာသည့် HYUNDAIKMFPA အမျိုးအစား မော်တော် ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀၀၀ ပြား(ဒေသကာလပေါက် ဈေးတန်ဖိုးငွေကျပ်သိန်း ၆၀၀၀)နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးဖော် ထုတ်ချက်အရ ညနေ ၄နာရီ ၃၀ အချိန် အဆိုပါစိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်ရာတွင် ပူးပေါင်း ပါဝင်သူ ခြူးကိုကိုအား မြိတ်မြို့၊ ကျောက်ဖြူတောင်လမ်းဆုံတွင် လက်ကိုင်ဖုန်း ၁ လုံးနှင့် လည်းကောင်း၊ ၁၇၁၅ အချိန် သက်လှိုင်စိုး အား မြိတ်မြို့၊ ကမ္ဘာလုံးဘုရားအနီးတွင် လက်ကိုင်ဖုန်း ၁ လုံးနှင့် လည်းကောင်း၊ ဖေဖော်ဝါရီလ ၄ ရက်နေ့ နံနက် ၁၁နာရီ ၁၅ အချိန် ကျော်ဆွေအား မြိတ်မြို့နယ်၊ ရွှေပေးကျေးရွာတွင် လက် ကိုင်ဖုန်း ၂ လုံးနှင့်လည်းကောင်း ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

 

ဆက်လက်ပြီး ည ၈နာရီအချိန် တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သန်လျင်မြို့နယ်၊ သူဌေးကွင်း ကျေးရွာတွင် ဝင်းကိုအား စိတ်ကြွရူးသွပ်ဆေးပြား ၁၈၉၈၀၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၁၈၉၈ သိန်း)အားလည်းကောင်း ထပ်မံတွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် အေးဝင်း(၄၃)နှစ်၊ မျိုးဝင်း(၄၄)နှစ်၊ ခြူးကိုကို (၃၁)နှစ်၊ သက်လှိုင်စိုး (၄၃)နှစ်၊ ကျော်ဆွေ (၆၆)နှစ်နှင့် ဝင်းကို (၃၁)နှစ်တို့အား သက်ဆိုင်ရာရဲစခန်းများတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားရှိပြီး ကွင်း ဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

 

#PeopleMedia


Share this post