• Follow Us on

Home မြိုင်မြို့တွင် စာသင်ကျောင်းအတွင်း PDF များ၏ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

မြိုင်မြို့တွင် စာသင်ကျောင်းအတွင်း PDF များ၏ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

Share this post

နေပြည်တော်၊ ဒီဇင်ဘာ ၂၃

 

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့၊ စောင်ကျမ်းကုန်းကျေးရွာရှိ အ-မ-က စာသင်ကျောင်းအတွင်း၌ လက်နက်ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းများကို သိမ်းဆည်းရရှိကြောင်း သိရသည်။

 

ဒီဇင်ဘာ ၂၁ ရက် နံနက် ၇ နာရီဝန်းကျင်တွင် လုံခြုံရေးတပ်ဖွဲ့များမှ မြိုင်မြို့နယ်ရှိ စောင်ကျမ်းကုန်းကျေးရွာ အတွင်းရှိ အ-မ-က ကျောင်းကို သွားရောက်စစ်ဆေးရာတွင် လက်နက်ခဲယမ်းနှင့် ဆက်စပ်ပစ္စည်း သိမ်းဆည်း ရရှိခဲ့ကြောင်း သိရသည်။

 

ထိုသိမ်းဆည်းရရှိသည်များမှာ လက်လုပ်စိန်ပြောင်း ၃ လက်၊ လက်လုပ်သေနတ် ၁ လက်၊ လက်လုပ်မိုင်း ၈ လုံး၊ Drop Bomb ဗုံးသီး ၂ လုံး၊ ရီမု ၁ ခု၊ နီ/နက်ဝါယာကြိုး ၁ ခွေ၊ ယမ်းပျော့ ၃ ထုပ်၊ ဘက္ထရီအို ၅ လုံးနှင့် ဆိုလာပြား ၁ ချပ်တိုအား သိမ်းဆည်းရရှိခဲ့ကြောင်း သိရပါသည်။

 

Photo – Credit

 

#PeopleMedia


Share this post