• Follow Us on

Home မြိုင်မြို့တွင် တောင်ယာထဲသို့သွားသည့် အမျိုးသားနှစ်ဦး မိုင်းပေါက်ကွဲ၍ ဒဏ်ရာရ

မြိုင်မြို့တွင် တောင်ယာထဲသို့သွားသည့် အမျိုးသားနှစ်ဦး မိုင်းပေါက်ကွဲ၍ ဒဏ်ရာရ

Share this post

နေပြည်တော်၊ ဇန်နဝါရီ ၈

 

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့၊ မြိုင်-ကြောင်ကန်ကျေးရွာသွားသည့် မြေသားလမ်းအရောက်တွင် PDF များထောင်ထားသည့် မိုင်းမှာပေါက်ကွဲ၍ အမျိုးသားနှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

ဇန်နဝါရီလ ၆ ရက် မွန်းလွဲ ၁ နာရီကျော်တွင် မြိုင်မြို့၊ (၁) ရပ်ကွက်တွင်နေသည့် အမျိုးသားနှစ်ဦးမှာ ၎င်းတို့ပိုင် သည့် တောင်ယာထဲသို့သွားစဉ် ကြောင်ကန်ကျေးရွာသွားသည့် မြေသားလမ်းခင်းအရောက်တွင် PDF များ ထောင်ထားသည့် မိုင်းမှာ ပေါက်ကွဲ၍ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

ထိုမိုင်းပေါက်ကွဲမူကြောင့် ဒဏ်ရာရရှိသည့် အသက်(၃၉) နှစ်အရွယ် ဦးစိုးထိုက်မှာ ဘယ်ဘက်ပေါင်မိုင်း ထိမှန် (မစိုးရိမ်ရ)၊ အသက်(၄၇) နှစ်အရွယ် ဦးသိန်းနိုင်(ခ) အောင်စိုးမှာ ညာဘက်ပေါင်မိုင်းစထိမှန် (မစိုးရိမ်ရ) တို့ ရရှိ၍ ၎င်းတို့ကို မြိုင်ပြည်သူ့ဆေးရုံတွင် ဆေးကုသမူခံရနေကြောင်း သတင်းရရှိသောကြောင့် ဖြစ်စဉ်နေရာသို့ တာဝန်ရှိသူများမှ သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။

 

Photo – Credit

 

#PeopleMedia


Share this post