• Follow Us on
Latest News

Home မြိုင်မြို့တွင် နိုင်ငံ့ဝန်ထမ်းအငှားအိမ်ရာအဆောက်အဦကို PDF များမှ မိုင်းခွဲဖျက်ဆီး

မြိုင်မြို့တွင် နိုင်ငံ့ဝန်ထမ်းအငှားအိမ်ရာအဆောက်အဦကို PDF များမှ မိုင်းခွဲဖျက်ဆီး

Share this post

နေပြည်တော်၊ ဇူလိုင် ၂၁

 

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်၊ မြိုင်-ကိုင်းတောမကားလမ်းဘေး (၃) ရပ်ကွက်တွင် တည် ဆောက်ထားသည့် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနပိုင် နိုင်ငံ့ဝန်ထမ်းအငှားအိမ်ရာအဆောက်အဦကို PDF များမှ မိုင်းခွဲဖျက်ဆီးခဲ့ကြောင်း သိရသည်။

 

ထိုမြိုပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနပိုင် နိုင်ငံ့ဝန်ထမ်းအငှားအိမ်ရာအဆောက်အဦမှာ လူနေထိုင်ခြင်း မရှိ သေးကြောင်း၊ PDF များမှ ထိုအဆောက်အဦကို ဇူလိုင်လ ၂၀ ရက် မွန်းလွဲ ၁၂:၃၀ အချိန်တွင် PDF များမှ မိုင်းဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း သိရသည်။

 

မိုင်းဖောက်ခွဲဖျက်ဆီးမှုကြောင့် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနပိုင် ၈ ခန်းတွဲ ၅ ထပ်၊ ၃၆ ခန်းပါ နိုင်ငံ့ဝန် ထမ်းအငှားအိမ်ရာအဆောက်အဦ ဝင်ပေါက်ကွန်ကရစ်အောက်ခြေတိုင်များဖျက်ဆီးပြီး အခန်း ၃၆ ခန်း၏ ပြတင်းပေါက်မှန်များပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

 

ထိုအိမ်ရာမှာ ၂၀၁၉-၂၀၂၀ ခုနှစ် ဘဏ္ဍာရေးနှစ်အတွင်း စတင်တည်ဆောက်၍ ၂၀၂၀-၂၀၂၁ ခုနှစ် ဘဏ္ဍာရေးနှစ်အတွင်း ကုန်ကျစရိတ်တန်ဖိုးငွေ ၉၈၉ သန်းကျပ်ဖြင့် လမ်းဦးစီးဌာနမှ တာဝန်ယူဆောက် လုပ်ပြီးစီးခဲ့ကြောင်း သိရသည်။

 

Photo – Credit

 

#PeopleMedia


Share this post