မြိုင်မြို့တွင် မော်တော်ဆိုင်ကယ်ဖြင့် ဈေးလိုက်ရောင်းသည့် အမျိုးသမီးတစ်ဦး မိုင်းပေါက်ကွဲ၍ ဒဏ်ရာရ
PUBLISHED - December 18, 2023
နေပြည်တော်၊ ဒီဇင်ဘာ ၁၈
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်၊ ကျောက်ဆောက်ကျေးရွာသို့ မော်တော်ဆိုင်ကယ်ဖြင့် ဈေးလိုက်ရောင်းစဉ် ထိုကျေးရွာအနီးတွင် မိုင်းပေါက်ကွဲ၍ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဒီဇင်ဘာ ၁၅ ရက် နံနက် ၇ နာရီဝန်းကျင်တွင် သာယာကုန်းကျေးရွာတွင် နေထိုင်သည့် အမျိုးသမီးတစ်ဦးမှာ မော်တော်ဆိုင်ကယ်ဖြင့်ဈေးလိုက်ရောင်းသည့် အမျိုးသမီးတစ်ဦးမှာ ကျောက်ဆောက်ကျေးရွာအနီးတွင် မိုင်းပေါက်ကွဲ၍ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ထိုဒဏ်ရာရရှိသည့် အမျိုးမှာ အသက် (၃၅) နှစ်အရွယ် ဒေါ်သန်းမှာ မိုင်းပေါက်ကွဲမှုကြောင့် ညာဘက်ေ ခြဘက်မိုင်းစထိမှန်ဒဏ်ရာ ၁ ချက်၊ ညာဘက်လက်မိုင်းစထိမှန်ဒဏ်ရာ ၁ ချက်နှင့် ညာဘက်ပါးမိုင်းစ ထိမှတ်ဒဏ်ရာ ၁ ချက်တို့ရရှိပြီး မန္တလေးပြည်သူ့ဆေးရုံကြီးတွင် ထိုအမျိုးသမီးကို ပို့ဆောင်ထားကြောင်း သိရသည်။
Photo – Credit
#PeopleMedia