မြိုင်မြို့နယ်တွင် ပြည်သူ့စစ်အဖွဲ့ဝင်များနှင့် စစ်သွေးကြွများ တိုက်ပွဲဖြစ်၊ စစ်သွေးကြွ အလောင်း (၃)လောင်းနဲ့ KIA ထုတ် သေနတ် တစ်လက်နှင့် ကျည်များ သိမ်းဆည်းရမိ
PUBLISHED - August 14, 2024
နေပြည်တော်၊ ဩဂုတ် ၁၄
မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၊ သရက်ကန် ပြည်သူ့စစ်အဖွဲ့ဝင်များ၏ ကင်းပုန်းအဖွဲ့နှင့် စစ်သွေးကြွ PDF အဖွဲ့ဝင်များ တိုက်ပွဲဖြစ်ပွါးခဲ့ပြီး စစ်သွေးကြွ အလောင်း (၃)လောင်းနှင့် KIA ထုတ် သေနတ်တစ်လက်နှင့် ကျည်များပါ သိမ်းဆည်းရရှိခဲ့သည်။
ဩဂုတ်လ (၇)ရက် နံနက် (၆)နာရီခွဲခန့်က သရက်ကန် ပြည်သူ့စစ်အဖွဲ့ဝင်များ၏ ကင်းပုန်းအဖွဲ့နှင့် စစ်သွေးကြွ PDF အဖွဲ့ဝင်များသည် ကံကလေးရွာ၏ အရှေ့ဘက် ထနောင်းကုန်းတွင် ထိတွေ့တိုက်ပွဲ ဖြစ်ပွါးခဲ့သည်။
အဆိုပါတိုက်ပွဲတွင် ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် စစ်သွေးကြွ PDF (၃)ဦး သေဆုံးသွားပြီး စစ်သွေးကြွ PDF အဖွဲ့ဝင် (၄)ဦး ဒဏ်ရာ အပြင်းအထန်ရရှိသွားကြောင်း သိရသည်။
ယင်းနောက်တွင် စစ်သွေးကြွများ ကိုင်ဆောင်လာသည့် Type 1 အမျိုးအစား သေနတ် (၁)လက်၊ AK ကျည် (၂၀၀)တောင့်၊ ၅.၅၆ကျည် (၂၀၂)တောင့်၊ အမ်ဂျီဝမ်း လက်ပစ်ဗုံး (၁)လုံး၊ ပြောက်ကျား ကျည်ကာ (၃)ထည်၊ ပြောက်ကျားအကျီ (၂)ထည်၊ ပြောက်ကျားဦးထုပ် (၁)လုံးတို့ကို ပြည်သူ့စစ်အဖွဲ့ဝင်များမှ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
#PeopleMedia