မြိုင်မြို့နယ်တွင် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများအတွင်းသို့ PDF အဖွဲ့ဝင်များမှ ရှော့တိုက်ဒုံးများ၊ ဒရုန်းများ အသုံးပြုကာ ဗုံးများပစ်ချတိုက်ခိုက်
PUBLISHED - September 8, 2023
နေပြည်တော်၊ စက်တင်ဘာ ၈
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများအတွင်းသို့ PDF အဖွဲ့ဝင်များမှ ရှော့တိုက်ဒုန်းများ၊ ဒရုန်းများကို အသုံးပြုကာ ဗုံးများပစ်ချ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။
စက်တင်ဘာလ (၆)ရက် ညနေ (၅)နာရီ (၄၀)မိနစ်အချိန်က PDF အဖွဲ့ဝင်များသည် မြိုင်မြို့နယ် အင်းရောင်း ကျေးရွာဘက်မှ မြိုင်မြို့ပေါ်ရှိ ရပ်ကွက်များအတွင်းသို့ ရှော့တိုက်ဒုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။
အဆိုပါ တိုက်ခိုက်မှုကြောင့် မြို့နယ်ဘောလုံးကွင်းအတွင်းသ့ို ရှော့တိုက်ဗုံးသီး (၂)လုံး၊ အမှတ် (၂) ရပ်ကွက်ရှိ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၏ အမိုးပေါ်သို့ ရှော့တိုက်ဗုံးသီး (၁)လုံးတို့ ကျရောက် ပေါက်ကွဲခဲ့သည်။
ယင်းပေါက်ကွဲမှုကြောင့် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၏ အမိုးသွပ် (၄) ချပ်၊ ပလတ်စ တစ်ခုံပု (၁၇)လုံးနှင့် ပလတ်စတစ် စာကြည့်စားပွဲ (၁)လုံးတို့ ပျက်စီးခဲ့ကြောင်း သိရသည်။
ထို့ပြင် PDF အဖွဲ့ဝင်များအနေဖြင့် စက်တင်ဘာလ (၆)ရက် ည (၇)နာရီအချိန်က မြိုင်မြို့နယ်၊ ကန်နီကျေးရွာ အတွင်းသို့ ဒရုန်းများ အသုံးပြုကာ Drop Bomb များပစ်ချတိုက်ခိုက်ခဲ့သည်။
ယင်းတိုက်ခိုက်မှုကြောင့် ကန်နီကျေးရွာ လမ်းမပေါ်သို့ Drop Bomb (၆)လုံး၊ ကျေးရွာ၏ အနောက်တောင် ဘက်သို့ Drop Bomb (၂)လုံးနှင့် ကျေးရွာအတွင်းရှိ ဥတ္ထရာရာမဘုန်းကြီးကျောင်း၏ အမိုးပေါ်သို့ Drop Bomb (၂)လုံး ကျရောက်ပေါက်ကွဲမှုကြောင့် ဘုန်းကြီးကျောင်းဆောင် အမိုးသွပ် (၂၀)ချပ် ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။
#PeopleMedia