• Follow Us on

Home မြိုင်မြို့နယ်တွင် PDF စခန်းအတွင်းမှ လက်နက်နှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ

မြိုင်မြို့နယ်တွင် PDF စခန်းအတွင်းမှ လက်နက်နှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ

Share this post

နေပြည်တော်၊ စက်တင်ဘာ ၂၅

 

မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၊ အိုင်းရင်းကျေးရွာအနီးရှိ PDF စခန်းအတွင်းမှ လက်နက်နှင့် ဆက်စပ် ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

 

စက်တင်ဘာလ (၂၄)ရက် နံနက်ပိုင်းက အိုင်းရင်းကျေးရွာအနီးရှိ PDF စခန်းအား လုံခြုံရေးတပ်ဖွဲ့ဝင်များမှ သွားရောက် ချေမှုန်းခဲ့ရာတွင် PDF အဖွဲ့ဝင်များ ထွက်ပြေးသွားပြီး စခန်းအတွင်းမှ လက်နက်များနှင့် ဆက် စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့သည်။

 

သိမ်းဆည်းရမိခဲ့သည့် အရာများမှာ လူနေတဲ (၄)လုံး၊ စားချက်ဆောင် (၂)လုံး၊ ထမင်းစားဆောင် (၂)လုံး၊ လက်လုပ်စိန်ပြောင်း (၁)လက်၊ လက်လုပ်သေနတ် (၁)လက်၊ လက်လုပ်ကျည်အိမ် (၂)ခု၊ လက်လုပ်ဗုံးသီး (၄) လုံး၊ ဆားကစ်ပြား (၁၁)ပြား၊ စကားပြောစက် (၂)လုံး၊ အားသွင်းခုံ (၁)ခု၊ အဝေးထိန်းခလုပ် (၂)ခု၊ ဓာတ်ခဲ အသေး (၇)လုံး၊ တိုက်မိုင်းကြိုး (၁၁)ခွေ၊ ဘက်ထရီအိုး (၉)လုံး၊ ဆိုင်ကယ် (၁)စီး၊ ဆိုလာပြား (၃)ချပ်၊ အင်ဗာ တာ (၃)လုံး၊ ကွန်ကျူးပိုက် (၅)ခု၊ သံပိုက် (၁)ခု၊ ဝါယာကြိုး (၁)ခွေ၊ ဆန် (၇)အိတ်၊ ဘောလီဘောကွင်း (၁) ကွင်း၊ ခြင်းကွင်း (၁)ကွင်း၊ ထိပ်တုံး (၂)ခု၊ ဘိလပ်မြေ (၁)အိတ်၊ ပုလဲဓာတ်မြေဩဇာ (၃)ပိဿာ၊ ယမ်း (၁.၅)ပိဿာ၊ သံစ (၅)ပိဿာ၊ AB ကော် (၁၁)ဘူး၊ မီတာတိုင်းကိရိယာ (၂)ခုတို့ဖြစ်ကြောင်း သိရသည်။

 

#PeopleMedia


Share this post