• Follow Us on

Home မြိုင်မြို့နယ်၊ သရက်ကန်ကျေးရွာရှိ စာသင်ကျောင်းအတွင်းသို့ PDF မှ Drop Bomb များဖြင့် ပစ်ချတိုက်ခိုက်မှု ကြောင့် ဆရာမ ၁ ဦး၊ ကျောင်းသူ ၃ ဦးနှင့် ဒေသခံ ၁ ဦး ထိခိုက်ဒဏ်ရာများရရှိ

မြိုင်မြို့နယ်၊ သရက်ကန်ကျေးရွာရှိ စာသင်ကျောင်းအတွင်းသို့ PDF မှ Drop Bomb များဖြင့် ပစ်ချတိုက်ခိုက်မှု ကြောင့် ဆရာမ ၁ ဦး၊ ကျောင်းသူ ၃ ဦးနှင့် ဒေသခံ ၁ ဦး ထိခိုက်ဒဏ်ရာများရရှိ

Share this post

နေပြည်တော်၊ အောက်တိုဘာ ၂၅

 

မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၊ သရက်ကန်ကျေးရွာရှိ အခြေခံပညာအလယ်တန်းကျောင်းအား ယမန်နေ့ နံနက်ပိုင်းတွင် PDF အမည်ခံအကြမ်းဖက်သမားများက Drop Bomb များဖြင့် အကြောင်းမဲ့ပစ်ချတိုက်ခိုက်မှု ကြောင့် ဆရာမ ၁ ဦး၊ ကျောင်းသူ ၃ ဦးနှင့် ဒေသခံပြည်သူ ၁ ဦး ဗုံးစထိမှန် ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ မြိုင်မြို့နယ်၊ သရက်ကန်ကျေးရွာရှိ အခြေခံပညာအလယ်တန်းကျောင်း၌ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာပညာသင်ကြားလျက်ရှိစဉ် ယမန်နေ့နံနက် ၁၁ နာရီ ၄၅ မိနစ်ခန့်တွင် PDF အမည်ခံအကြမ်းဖက်သမားများက Drop Bomb များဖြင့် ပစ်ချတိုက်ခိုက်ခဲ့သဖြင့် ဆရာမ ၁ ဦး၊ ကျောင်းသူ ၃ ဦးနှင့် ဒေသခံပြည်သူ အမျိုးသမီး ၁ ဦးတို့ ဗုံးစထိမှန်ဒဏ်ရာများရရှိခဲ့သဖြင့် ဒဏ်ရာရရှိသူများ အား သက်ဆိုင်ရာတာဝန်ရှိသူများက လိုအပ်သည့်ဆေးကုသမှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

PDF အမည်ခံအကြမ်းဖက်သမားများသည် ယခုကဲ့သို့ စစ်ရေးနှင့်သက်ဆိုင်သော ပစ်မှတ်များမဟုတ်ဘဲ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာပညာသင်ကြားနေသည့် ပညာရေးဆိုင်ရာ အဆောက်အဦများကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခြင်းသည် ဂျီနီဗာကွန်ဗန်းရှင်းများနှင့် အပြည်ပြည်ဆိုင်ရာဥပဒေတို့အရ စစ်ရာဇဝတ်မှုကျူးလွန်ခြင်းဖြစ်သည်။

 

#PeopleMedia


Share this post