မြိုင်မြို့နယ် စိုကန်ကျေးရွာကို စစ်သွေးကြွတွေ ဝင်ရောက်စီးနင်းပြီး ဒေသခံများထံမှ ပစ္စည်းများ လုယက်ယူဆောင်သွား
PUBLISHED - October 2, 2024
နေပြည်တော်၊ အောက်တိုဘာ ၂
မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၊ စိုကန်ကျေးရွာအတွင်းသို့ စစ်သွေးကြွ PDF အဖွဲ့ဝင်များမှ ဝင်ရောက်စီးနင်းပြီး ဒေသခံများ ပိုင်ဆိုင်သည့် ဆန်၊ မြေပဲ၊ ဆိုင်ကယ်နှင့် ပရိဘောဂပစ္စည်းများအား လုယက်ယူဆောင်သွားကြောင်း သိရသည်။
အောက်တိုဘာလ (၁)ရက် ညပိုင်းက မြိုင်မြို့နယ် တောင်ပိုင်းရှိ စိုကန်ကျေးရွာအတွင်းသို့ စစ်သွေးကြွ PDF အဖွဲ့ဝင်များ ဝင်ရောက်ကာ ဒေသခံများ ပိုင်ဆိုင်သည့် ဆန်၊ မြေပဲ၊ ဆိုင်ကယ်နှင့် ပရိဘောဂပစ္စည်းများအား ကားများဖြင့် တင်ဆောင်သွားကြောင်း သိရသည်။
စစ်သွေးကြွများသည် ယင်းသို့ လုယက်ယူဆောင်ရာတွင် စိုကန်ကျေးရွာအတွင်းရှိ ပြည်သူ့စစ်နှင့် ပြည်ခိုင်ဖြိုးပါတီဝင်များ၏ နေအိမ်များသာမက အခြားလူထုအိမ်များကိုလည်း ဝင်ရောက်မွှေနှောက်ကာ ပစ္စည်းများ ယူဆောင်သွားခြင်းဖြစ်ကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာလ (၂၆)ရက်ကလည်း စစ်သွေးကြွများသည် စိုကန်ကျေးရွာအတွင်းရှိ ပြည်သူများကို မောင်းထုတ်ကာ စိုကန်ကျေးရွာကို ခြေကုတ်ယူပြီး သရက်ကန်ပြည်သူ့စစ်ကျေးရွာသို့ ရိက္ခာများ လာရောက်ပို့ဆောင်သည့် ရိက္ခာယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်ခဲ့သည်။
စိုကန်ကျေးရွာသည် သရက်ကန်ပြည်သူ့စစ်ကျေးရွာ၏ အရှေ့ဘက်တွင်တည်ရှိပြီး သရက်ကန်ကျေးရွာတွင် စိုကန်ကျေးရွာမှ ပြည်သူ့စစ်များပါ ပူးပေါင်းနေထိုင်လျက်ရှိကြောင်း သိရသည်။
#PeopleMedia