မြိုင်မြို့နယ် PDF လက်အောက်ရှိ နဂါးနီတပ်ခွဲ ခေါင်းဆောင်မိမိကိုယ်ကိုယ်အဆုံးစီရင်
PUBLISHED - September 1, 2023
နေပြည်တော်၊ စက်တင်ဘာ ၁
မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ် PDF လက်အောက်ရှိ နဂါးနီတပ်ခွဲ၏ ခေါင်းဆောင်ဖြစ်သူ ဗိုလ်ယက္ခသည် သြဂုတ်လ ၃၀ ရက် ညနေ ၄ နာရီခန့်တွင် မိမိ၏ သူ့နားထင်ကို သေနတ်နှင့် တေ့ပစ်ပြီး အဆုံးစီရင်သွား ကြောင်း သိရသည်။
သေဆုံးသူ နဂါးနီတပ်ခွဲခေါင်းဆောင်သည် အသက် ၂၇ နှစ်ရှိပြီး၊ လက်နက်အကြွေးများ မဆပ်နိုင်၍ မိမိကိုယ် ကိုယ်သတ်သေသွားခြင်းဖြစ်ကြောင်း သိရသည်။
ဗိုလ်ယက္ခဆိုသည်သူ မကြာမီက မြိုင်မြို့နယ် ကန်နီရွာကို စစ်ဆင်ရေးထွက်ခဲ့ပြီး ပြန်အရောက်တွင် မိမိ ကိုယ်ကိုယ် အဆုံးစီရင်ခြင်းဖြစ်ကြောင်းနှင့် သေဆုံးသူ အလောင်းကို သြဂုတ်လ ၃၁ ရက် သဂြိုလ်လိုက် ကြောင်း သိရသည်။
#PeopleMedia