• Follow Us on
Latest News

Home မြိုင်မြို့ရှိ ဆိုင်ဂေါင်းကျေးရွာတွင် PDF များ၏ လက်နက်၊ ခဲယမ်းများ သိမ်းဆည်းရမိ

မြိုင်မြို့ရှိ ဆိုင်ဂေါင်းကျေးရွာတွင် PDF များ၏ လက်နက်၊ ခဲယမ်းများ သိမ်းဆည်းရမိ

Share this post

နေပြည်တော်၊ စက်တင်ဘာလ ၂၉

 

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်၊ ဆိုင်ဂေါင်းကျေးရွာရှိ ဘုန်းကြီးကျောင်းဘေးရှိ နေအိမ်ထဲတွင် PDF များ၏ လက်နက်၊ ခဲယမ်းများကို လုံခြုံရေးတပ်ဖွဲ့များမှ သိမ်းဆည်းရရှိကြောင်း သိရသည်။

 

စက်တင်ဘာလ ၂၈ ရက် နံနက် ၈ နာရီဝန်းကျင်တွင် လုံခြုံရေးတပ်ဖွဲ့များမှ ဆိုင်ဂေါင်းကျေးရွာအား နယ်မြေ ရှင်းလင်းရေးဆောင်ရွက်နေစဉ် ထိုကျေးရွာရှိ ဘုန်းကြီးကျောင်းဘေးတွင် ကပ်လျက်ရှိသည့် နေအိမ်အတွင်းမှ အကြမ်းဖက်သူ (၅)ဦးခန့် နှင့် အပြန်အလှန်ပစ်ခတ်ခဲ့ကြောင်း သိရသည်။

 

ထိုပစ်ခတ်ရာတွင် ၆၀မမ လက်လုပ် စိန်ပြောင်း ၅လက်၊ ၆၀မမ လက်လုပ်ဗုံးသီး ၁ လုံး၊ လက်လုပ်မိုင်း ၉ လုံး၊TYT အထိုင်စကားပြောစက် ၁ လုံး၊ ဝါယာကြိုး (၄၀၀ ပေခန့်) ၂ ခွေ၊ သံတိုသံစထည့်ထားသော စာ လာအိတ် ၃ အိတ်နှင့် လက်လုပ်မောင်းပြန်သေနတ်ပြုလုပ်ရန် စပရိန် ၁၅ ခု သိမ်းဆည်းရရှိခဲ့ကြောင်း သိ ရသည်။

 

Photo – Credit

 

#PeopleMedia


Share this post