• Follow Us on
Latest News

Home မြိုင်မြို့ အထက(၁) တွင် ကျောင်းသားဦးရေ (၉)ဦးသာ ရှိသည့်အတွက် စာစစ်ဌာန ခွင့်ပြုပေးမည် မဟုတ်ကြောင်း မြိုင်မြို့နယ် ပညာရေးမှူးရုံး ထုတ်ပြန်

မြိုင်မြို့ အထက(၁) တွင် ကျောင်းသားဦးရေ (၉)ဦးသာ ရှိသည့်အတွက် စာစစ်ဌာန ခွင့်ပြုပေးမည် မဟုတ်ကြောင်း မြိုင်မြို့နယ် ပညာရေးမှူးရုံး ထုတ်ပြန်

Share this post

နေပြည်တော်၊ နိုဝင်ဘာ ၃၀

 

မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသားဦးရေ (၉)ဦးသာ ရှိသည့်အတွက် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုရန် စာစစ်ဌာန ခွင့်ပြုပေးမည်မဟုတ်ကြောင်းနှင့် အခြား စာစစ်ဌာနသို့ ဖြေဆိုလိုပါက ခွင့်ပြုပေးမည်ဖြစ်ကြောင်း မြိုင်မြို့နယ် ပညာရေးမှူးရုံးက သတင်းထုတ်ပြန်ထားသည်။

 

မြိုင်မြို့ အထက(၁) တွင် ပညာသင်ကြားနေသည့် G 12 ကျောင်းသားများအနေဖြင့် နိုင်ငံတော်အဆင့် ကျင်းပဖြေဆိုမည့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုရန်အတွက် မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန ရန်ကုန်သို့ စာမေးပွဲဖောင်များ သွားရောက်တင်သည့်အခါ ဖြေဆိုသူဦးရေ (၃၀) မပြည့်ပါက စာစစ်ဌာန ဖွင့်လှစ်ရန် ခွင့်ပြုမပေးနိုင်ကြောင်း အကြောင်းကြားလာခြင်းဖြစ်သည်။

 

ယင်းအတွက်ကြောင့် မြိုင်မြို့ အထက(၁) တွင် ပညာသင်ကြားနေသည့် ကျောင်းသား (၉)ဦးအနေဖြင့် တက္ကသိုလ်ဝင်စာမေးပွဲကို အခြားစာစစ်ဌာနတစ်ခုခုသို့ ဖြေကြားလိုပါက ခွင့်ပြုပေးမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။

 

မြိုင်မြို့ အထက(၁) တွင် ပညာသင်ကြားနေသည့် ကျောင်းသားများသည် အခြားစာစစ်ဌာနသို့ သွားရောက်ဖြေဆိုရန် ငွေကြေးခက်ခဲကြကြောင်းနှင့် မြိုင်မြို့နယ် တစ်မြို့နယ်လုံးတွင် တစ်ခုတည်းသော စာစစ်ဌာနဖြစ်သည့်အတွက် စာစစ်ဌာနကို မဖြုတ်သိမ်းဘဲ ပြန်လည်ပြင်ဆင်ပေးရန် ကျောင်းသားများနှင့် မိဘများမှ တောင်းဆိုရာတွင် မြိုင်မြို့နယ် ပညာရေးမှူးရုံးက ယင်းသို့ထုတ်ပြန်လာခြင်းဖြစ်သည်။

 

#PeopleMedia


Share this post