မြို့ရွာများတွင် ပေါ်တာဆွဲနေကြောင်း သတင်းအတု၊ သတင်းအမှားများအား လူမှုကွန်ရက်ပေါ်တွင် ဖြန့်ဝေ ရေသား
PUBLISHED - February 16, 2024
နေပြည်တော်၊ ဖေဖော်ဝါရီ ၁၆
လုံခြုံရေးတပ်ဖွဲ့ဝင်များက မြို့ရွာများမှာ ပေါ်တာဆွဲနေကြောင်း၊ ဖမ်းဆီးနေကြောင်းနှင့် ငွေကြေးတတ်နိုင် သူများက ပိုက်ဆံပေးရင် ပြန်လွှတ်ပေးနေကြောင်း မဟုတ်မမှန်လုပ်ကြံသတင်းများ ထွက်ပေါ်နေကြောင်း သိရသည်။ ၎င်းသတင်းများသည် မဟုတ်မမှန် ကြောင်းကို နိုင်ငံပိုင်မီဒီယာများကလည်း အခါအားလျော်စွာ သတင်း ထုတ်ပြန်မှုများ ဆောင်ရွက်လျက်ရှိသည်။
ပြည်သူများ၏ နေ့စဉ်လူမှုဘဝမှာ လုံခြုံအေးချမ်းစွာ နေထိုင်သွားလာလှုပ်ရှား နိုင်စေရေးအတွက် လုံခြုံရေး တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူများက ဧည့်စာရင်းစစ်ဆေးခြင်း များကို မြို့၊ ရွာများတွင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ဧည့်စာရင်းမတိုင်ဘဲ နေထိုင်သူများ၊ အိမ်ထောင်စုစာရင်းဝင် မဟုတ်သူများ၊ အိမ် ထောင်စုစာရင်းမပြနိုင်သူများကို စစ်ဆေးတွေ့ရှိပါက ရဲစခန်းနှင့် သက်ဆိုင်ရာဌာနများသို့ ခေါ်ယူစစ်ဆေး ခြင်းများ ဆောင်ရွက်လျက်ရှိသည်။ ယင်းသို့ ခေါ် ယူစစ်ဆေးရာတွင် ဧည့်စာရင်းမတိုင်ထားသူ၊ အိမ်ထောင်စု စာရင်းဝင်မဟုတ်သူ၊ အိမ်ထောင်စုစာရင်းမပြနိုင်သည့်သူများ၊ စည်းကမ်းနှင့်မကိုက်ညီသူများကို စစ်ဆေး တွေ့ရှိလျှင် ဉပဒေနှင့်အညီ အရေးယူခြင်းများ ဆောင်ရွက်နေပြီး အထောက်အထား ပြည့်စုံစွာ တင်ပြနိုင်သူ များကိုလည်း ပြန်လည်စေလွှတ်ပေးလျက်ရှိကြောင်း သိရသည်။
ယင်းသို့ ဆောင်ရွက်နေမှုများအပေါ် အကြမ်းဖက်အားပေး ပြည်ဖျက်မီဒီယာများနှင့် ရပ်ရွာအေးချမ်းသာယာ ရေးကို မလိုလားသည့်သူများက အများပြည်သူ ထိတ်လန့် တုန်လှုပ် ချောက်ခြားစေရန် ရည်ရွယ်ပြီး လုံခြုံရေး တပ်ဖွဲ့ဝင်များက ညဘက်များတွင် ပေါ်တာဆွဲနေကြောင်း၊ ပိုက်ဆံပေးလျှင် ပိုက်ဆံယူပြီး ပြန်လွှတ်ပေးနေ ကြောင်းဖြင့် သတင်းတု၊ သတင်းအမှားများ ထုတ်လွှင့်နေခြင်းအပေါ် အများပြည်သူများ သတင်းမှန် သိရှိ စေရေး၊ ထိတ်လန့်ကြောက်ရွံ့မှုများ မဖြစ်စေရေးနှင့် လုပ်ကြံရေးသားနေခြင်းသာ ဖြစ်ကြောင်း သိရသည်။
#PeopleMedia