• Follow Us on
Latest News

Home မြို့သစ်မြို့နယ်တွင် ပြည်ခိုင်ဖြိုးပါတီဝင် ၁ ဦး ပစ်ခတ်ခံရ၍ သေဆုံး

မြို့သစ်မြို့နယ်တွင် ပြည်ခိုင်ဖြိုးပါတီဝင် ၁ ဦး ပစ်ခတ်ခံရ၍ သေဆုံး

Share this post

နေပြည်တော်၊ နိုဝင်ဘာ ၆

 

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်၊ မကြီးကုန်းကြီးကျေးရွာ၌ ယမန်နေ့ မွန်းလွဲ  ၂ နာရီခွဲအချိန်က ပြည်ခိုင်ဖြိုးပါတီဝင် ၁ ဦး ပစ်ခတ်ခံရ၍ သေဆုံးသွားကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ မြို့သစ်မြို့နယ်၊ မကြီးကုန်းကြီးကျေးရွာနေ ဦးဇော်ဇော်သည် ပြည်ခိုင်ဖြိုးပါတီဝင်တစ်ဦးဖြစ်ခဲ့ပြီး၊ လက်ရှိတွင် ဗေဒင်ဟောသည့် အလုပ်လုပ်ကိုင်နေသူဖြစ်ကြောင်း၊ ၎င်းသည် နိုဝင်ဘာ ၅ ရက်တွင် နေအိမ်၌ ရှိနေစဉ် အမည်မသိ အကြမ်းဖက်သမားများမှ ဗေဒင်မေးလိုသည်ဟု ပြောဆိုကာ နေအိမ်အတွင်းသို့ဝင်လာပြီး သေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် ဦးဇော်ဇော်သည် သေနတ်ထိမှန် ဒဏ်ရာများရရှိကာ နေရာ၌ပင် သေဆုံးသွား ကြောင်းသိရသည်။

 

အကြမ်းဖက်သမား သတ်ဖြတ်သွားသည့် ဦးဇော်ဇော်သည် ၂၀၁၀ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ မကြီးကုန်းကြီး ကျေးရွာတွင် ပြည်ခိုင်ဖြိုးပါတီစည်းရုံးရေးမှူးအဖြစ် တာဝန်ယူခဲ့သူဖြစ်သည်။

 

Photo – Credit

 

#PeopleMedia


Share this post