မြို့သစ်မြို့နယ်မှ အုပ်ချုပ်ရေးမှူးတစ်ဦးကို PDF အဖွဲ့ဝင်များမှ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်
PUBLISHED - January 10, 2024
နေပြည်တော်၊ ဇန်နဝါရီ ၁၀
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်၊ အိုးကုန်းကျေးရွာရှိ ကျေးရွာအုပ်ချုပ်ရေးမှူးကို PDF အဖွဲ့ဝင်များမှ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း သိရသည်။
ဇန်နဝါရီလ (၈) ရက် ည (၇) နာရီခွဲခန့်က အိုးကုန်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးဇော်ဝင်း (၅၈) နှစ်သည် နေအိမ် တွင်ရှိနေစဉ် PDF အဖွဲ့ဝင် လေးဦးက နေအိမ်အတွင်း ဝင်ရောက်ပြီး သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။
PDF အဖွဲ့ဝင်များမှ ပစ်ခတ်မှုကြောင့် ဦးဇော်ဝင်း ဦးခေါင်းယာဘက်ချိုစောင်းမှ ကျည်ဖောက်ဝင်ပြီး နောက်စေ့ ကျည်ဖောက်ထွက် ဒဏ်ရာတစ်ချက်၊ ကျောမှ ကျည်ဖောက်ဝင်ပြီး ဝမ်းဗိုက်ကျည် ဖောက်ထွက်ဒဏ်ရာ တစ် ချက်တို့ဖြင့် သေဆုံးခဲ့ကြောင်း သိရသည်။
#PeopleMedia