• Follow Us on
Latest News

Home မြို့သာရဲစခန်းကို လာတိုက်သည့် စစ်သွေးကြွတွေ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် အကျအဆုံးများစွာဖြင့် ထွက်ပြေး

မြို့သာရဲစခန်းကို လာတိုက်သည့် စစ်သွေးကြွတွေ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် အကျအဆုံးများစွာဖြင့် ထွက်ပြေး

Share this post

နေပြည်တော်၊ စက်တင်ဘာ ၂

 

မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ မြို့သာနယ်မြေရဲစခန်းကို လာရောက်တိုက်ခိုက်သည့် စစ်သွေးကြွ PDF အဖွဲ့ဝင်များကို လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ပြန်လည်ပစ်ခတ်မှုကြောင့် အကျအဆုံးများစွာဖြင့် ထွက်ပြေးသွားကြောင်း သိရသည်။

 

စက်တင်ဘာလ (၁)ရက် နံနက် (၇)နာရီခန့်က မြို့သာနယ်မြေရဲစခန်းကို စစ်သွေးကြွ PDF အဖွဲ့ဝင် အင်အားအများအပြားဖြင့် တိုက်ခိုက်ခဲ့သည်။

 

ယင်းသို့ လာရောက်တိုက်ခိုက်သည့် စစ်သွေးကြွအဖွဲ့ဝင်များကို မြို့သာရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များက ရွပ်ရွပ်ချွံချွံ ခုခံတိုက်ခိုက်ခဲ့ခြင်း၊ စစ်ကူစစ်ကြောင်းများမှ အချိန်မှီ သွားရောက်ကာ စစ်ကူပစ်ကူပေးခြင်း၊ ဝိုင်းပတ်ပိတ်ဆို့ ချေမှုန်းပေးခြင်းတို့ကြောင့် နံနက် ၁၁ အချိန်ခန့်တွင် စစ်သွေးကြွ PDF အဖွဲ့ဝင်များ အထိအခိုက် အကျ အဆုံးများစွာဖြင့် ပြန်လည်ဆုတ်ခွာ ထွက်ပြေးသွားကြောင်း သိရသည်။

 

ယင်းသို့ ဆုတ်ခွာထွက်ပြေးသွားသည့် စစ်သွေးကြွ PDF အဖွဲ့ဝင်များအား လုံခြုံရေးတပ်ဖွဲ့ဝင်များမှ လိုက်လံချေမှုန်းခဲ့ရာ စစ်သွေးကြွ PDF အလောင်း (၃)လောင်း၊ Type-81 သေနတ် (၁)လက်၊ ၉ မမ ပစ္စတို (၁)လက်၊ ကျည်ဘောက် (၃)ခု၊ ပစ္စတို ကျည်ဘောက် (၃)ခု၊ လက်ပစ်ဗုံး (၃)လုံး၊ 7.62 ကျည် (၁၂၅)တောင့်၊ Type-81 ကျည် (၃၉၂)တောင့်၊ 5.56 ကျည် (၂၀)တောင့်၊ USA LUGA ကျည် (၂၁)တောင့်၊ ၄၀ မမ ဗုံးသီး (၄)လုံး၊ ကျည်ကာအင်္ကျီ (၃)ထည်၊ ကျည်ကာဦးထုပ် (၃)လုံး၊ icon (၅)လုံး သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

 

#PeopleMedia


Share this post